Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

ဓမ္မစကူးလ်သို့ဆီ အရောက်လှမ်းချီ


နံနက်ခင်းရောက် မိုးသောက်လင်းလျှင်
ဝေဖြာရွှန်းစ ထွန်းပသာသနာ
မညှိုးနွမ်းစေရာ ဆန်းဒေးဓမ္မစကူးလ်ပါ။

သားတို့သမီးငယ် ယဉ်ကျေးလိမ္မာ
တတ်သိစေမှာ ဓမ္မအကြောင်း
တစေ့တစောင်း လမ်းကြောင်းမှန်စွာ
ပဲ့ပြင်ပေးမှာ ဆန်းဒေးဓမ္မစကူးလ်ပါ။
ကဗျာတွေနဲ့ စာတွေအံမယ်
ဘာသာတရားနဲ့ အညီကွယ်
သားတို့သမီးတို့ရယ်
သာသနာပြန့်ပွား တိုးတက်များအောင်
ကြံစည်ရွက်ဆောင် ဆရာတော်များရဲ့ သြ၀ါဒကထာ
လမ်းညွှန်ပြသ နည်းနာယနဲ့
စေတနာထား သင်ကြားပေးတာ
ဆန်းဒေးဓမ္မစကူးလ်ပါ။
လာပါသူငယ်ချင်း မိတ်ရင်းဆွေတို့
ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာ
အသိတရားဝေဖြာ စေနိုင်ဖို့ရာ
လှမ်းကာတက်ချီ ဖိတ်ခေါ်ပါသည်
ဆန်းဒေးဓမ္မစကူးလ်သို့ဆီ.....။


 နေခြည်သစ်နွယ် (ပြည်)

No comments: