Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

“မောင့်စကားချိုချို…..ခုတော့ထိုထို”


မိန်းမလှတွေ တွေ့မြင်ပြန်တော့
နောက်ပိုးလေး အမောင်ပိုးချင်
အဆိုးမြင်ဝါဒတရားနဲ့ လက်ကိုင်ထားအစဉ်။
မုသားတွေမသုံးတတ်တဲ့
မောင့်စကားချိုချိုသံက
ကြံဖန်ကာလှည့်ဖြား
အကွက်ဇယားတွေလည်း (လဲ) ရွှေ့တတ်ခဲ့ပြန်ပြီ။
ခင့်အလိုဆို အပိုမရှိ
အို….အလိုက်တသိ
ခုဆိုကြည့်….
ဟိုဟိုဒီဒီ ဇီဇာရယ်ကြောင်
ယောင်တောင်တောင် မောင့်မျက်လုံးက
တစ်ဖက်စွန်းမှာ မထိတထိ
ရိတိတိနှလုံးသားက… တစ်ဖက်ခြားဆီမှာရှိ။
ထိုစဉ်ဝယ် မောင့်စကား
ကြားရပြန်တာ…
ချိုမြမြ ခင့်စကား ရင်မှအေးတာ..
ဘယ်ခါဝယ် ကြားချင်ပြန်တာ
အမှန်ဆိုခုများ မုသားတွေသုံးခဲ့တာ
ထုံးဖွဲ့ကာ မောင့်ချစ်စကား
ခင့်ရင်မှပယ်ရှား…အလွယ်များပင် မယုံကြည်ရဲစရာ…။

နေခြည်သစ်နွယ် (ပြည်)

No comments: