Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

အသိရှိလျက် သတိခက်


ကျွန်ုပ်ခေါင်းပေါ်မှာ မိုးကောင်းကင်
ကျွန်ုပ်ခြေထောက်အောက်မှာ မြေကြီး
တွေးကြည့်ရင် အနီးကလေးပဲဆိုပေမဲ့
ကျွန်ုပ်လျှောက်ရမဲ့ ဘ၀ခရီး
နီးသလား ဝေးသလားမသိ
သတိနဲ့အသိတော့ ရှိရမယ်ထင်ပါရဲ့။

ဧရာဝတီ ဟိုဘက်ကမ်း ဒီဘက်ကမ်း
လှမ်းကြည့်ရင် အနီးကလေးပဲဆိုပေမဲ့
ကျွန်ုပ်ဖြတ်သန်းရမဲ့ ဘ၀ခရီး
နီးသည် ဝေးသည်မသိ
အသိတစ်ချက် သတိမှတ်နဲ့
နီးကပ်စွာ ခရီးဆက်နိုင်မှ
မပြတ်လည်တဲ့ သံသရာ
ဖန်တစ်ရာ ၀ဲဂယက်က
ထွက်မြောက်ရာလွတ်လမ်း
ကျွတ်တမ်းဝင်စေနိုင်မဲ့
အထင်ကရ နိဗ္ဗာန်စခန်းပင်။



အသိနဲ့သတိတရားဖြင့် လောကကြီးကို ဖြတ်သန်းသွားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်
နေခြည်သစ်နွယ် (ပြည်)

No comments: