Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ရွှေပြည်တော်ရဲ့ ... အလွမ်းည”



သာယာသောညတစ်ည
မီးရောင်စုံရဲ့ အလှအပ
မထင်မရှားရှိနေတာ... လမင်းရဲ့ တဒင်္ဂအလှ
မှတ်တမ်းတင်အထင်ကရ
ရွှေပြည်တော်ရဲ့ အလွမ်းအဆွေးည.....။
ရင်နင့်စရာ အလွမ်းတေး
တမ်းတရင်း ငိုကြွေး
လမ်းစကို ရှာတွေး
မျှော်ရင်းငေး...ကျန်နေခဲ့သူ....ချစ်သူ...။

မြို့ပြရဲ့ မီးရောင်စုံည
တူနှစ်ကိုယ် ကြည်နူးလို့မဝ
အလှအပဆုံး အိပ်မက်ည
အလွမ်းနဲ့သာ ရယ်မောကြ....။

ကောင်းကင်အောက်က ပေတစ်ရာလမ်း
တူနှစ်ကိုယ် မျှော်ကာလွမ်း
ရွှေပြည်တော်ရဲ့ တစ်နေ့တာစခန်း
မှန်းဆတွေး ဆေးရေးခြယ်
လှပတဲ့ ပန်းချီကားတစ်ချပ်ကွယ်
တွယ်မိတယ် ဒီရင်ထဲ
ရွှေပြည်တော်ရဲ့ အချစ်ဇာတ်လမ်း....။

 
နေခြည်သစ်နွယ်(ပြည်)

No comments: