Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ပိတောက်ဒိုင်ယာလော့ဂ်”

နွေအတာရောက်ပေမယ့်..
ရွှေနံ့သာပိတောက်တွေ..မထိန်ဝါဘူးရယ်လို့
အချိန်အခါကိုမတွက်ဆပါနဲ့
(ကျွန်မလေ…..)
ကျိန်စာဆိုမြွက်ဟရမလားရှင်…။

မြတ်ဓမ္မစိတ်အတူမပွားပဲ
အတ္တဒိတ်အယူမှားတွေနဲ့
လူသားခေါ်..ရှင်တို့တတွေဟာလေ
အမြင်ချို့ကြွေ မပြုစုမကြံဆပဲ
ဥတုမမှန်ရတဲ့အထဲ..သစ္စာမဲ့တယ်လို့
အပြစ်ဇာချဲ့ ဇာတ်လမ်းဆင်
(တကတည်းနော်….)
ခေတ်အထာနဲ့ပါးစပ်သရမ်းချင်…။
ပိတောက်ခင်ဆိုတာ..
ရွှေစင်အသွေးနဲ့မညှိုးသစ်လန်း
နွေတခွင်မွှေးတဲ့မျိုးချစ်ပန်းပါ..ရှင့်
လန်းနေတုန်းလည်း..အ၀ါ
နွမ်းကြွေပြုန်းလည်း…အ၀ါ
မြန်မာပြည်မွေး..မြန်မာ့သွေးနဲ့
ယဉ်ကျေးတဲ့အ၀ါ…
×××××××အ၀ါ
×××××××အ၀ါ
ရွှေရည်အတိဖြာ…..သေသည်အထိ..အ၀ါ
ကမ္ဘာမြေထဲ..အ၀ါတွေရွဲ
(ကဲ…)
မြင်သလား..အထင်အရှား
သစ္စာမဲ့တာရှင်တို့အများ…..။
သြော်..ပြောရမှာတောင်ရှက်သလိုလို
စကပ်အတို..ဘောင်းဘီအကျပ်
နားကွင်းတပ်..ဆံပင်ဆေးဆိုး
ဘေး-ဘိုးတို့ရဲ့စိတ်ဓါတ်လည်း
မိတ်ကပ်တို့လိမ်းသ
အဆိပ်ကပ်လို့မစိမ်းမြတော့
ယိမ်းကတဲ့သရုပ်အလှ
အလှုပ်အပြတွေကြီးစိုး
စည်းကျိုးကာဝါးပျက်ပြီ
သုံးချက်ညီသင်္ကြန်ဒိုးဆိုတာလည်း
ချောင်ထိုးကာအချစ်ပေါ့
ဟစ်ဟော့နဲ့ပျော်ရွှင်ကြ
တော်ဝင်တဲ့ယဉ်ကျေးမှု…တော်ဝင်တဲ့အဆင်အသွေးနု
တော်ဝင်တဲ့မြန်မာ့သင်္ကြန်….တော်ဝင်တဲ့ဘ၀သဏ္ဏန်
တော်ဝင်တဲ့ဓမ္မတရား…တော်ဝင်တဲ့အလှများ
တော်ဝင်တဲ့နှလုံးသား…ပေါ်လွင်တဲ့အပြုံးများ
လုံးပါးပါးလို့အပြစ်အနာဖွဲ့
သစ္စာမဲ့ကာပိုးဖောက်လေသမို့
(မြန်မာတို့ရေ……..)
အမျိုးပျောက်မှာ…မစိုးကြောက်ဘူးလား။
သီဟန်@တေးရေး-လှိုင်းသန့်(မြန်မာစာ)

No comments: