Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ မာတာလမင်း”

“မွေးသမိခင်ကျေးဇူးရှင်မေမေနှင့်တလောကလုံးမှအမေအားလုံးသို့…ဦးညွတ်လျက်”
ကောင်းကင်ထက်ကနေ….
မေတ္တာတွေ..အုပ်မိုး
မပုပ်သိုးတဲ့အလင်းရနံ့တို့
ခင်းဖြန့်ပေးဝေ….
ရှင်းသန့်….အေးစေလို့
အနမ်းလေချိုအသင့်မှာတော့
(တလောကလုံးတွက်…)
ပန်းတွေကိုပွင့်စေခဲ့တယ်လေ

အမှောင်မိုက်ခွင်း
လောင်မြိုက်ခြင်းမရှိ
မပူလောင်..မရက်စက်
အဖြူရောင်သက်သက်သာ…..
သြော်….
စူးရှတောက်ပခြင်းကင်းကင်းနဲ့
(တကယ့်ကို….)
အေးမြစွာလင်းလက်တတ်သူလေ….       

သီဟန်@တးရေး-လှိုင်းသန့်(မြန်မာစာ)..

No comments: