“အမေ”…လို့
နှုတ်ဖျားက ခေါ်ခွင့်ရတာ
တန်ဘိုးတွေမဖြတ်နိုင်ပါဘူးလေ…။
အိမ်ကလေးထဲမှာ
ထိုင်ရုံပင်နေကာမျှနဲ့….ကျေးဇူးတွေကြီးပ
ဂုဏ်ပုဒ်တွေများလှတဲ့…အမေ့ရဲ့အရိပ်ကိုလေ
ခိုလှုံခွင့်ရခဲ့တဲ့…သားသမီးတွေဟာ
မိုးစက်တွေ
စိုရွှဲလို့…နေပူပြင်ကျဲကျဲလည်း
အမေ့ရဲ့ လက်ကိုတွဲကာ…တမ်းတလို့
အဝေးဆုံးကို
မမောမပန်းဘဲ…လျှောက်သွားကြမယ်နော်…။
သား/သမီးရယ်..အိမ်ထောင်တွေ
ပြုပါတော့လို့
အမေ တဖွဖွပြောခဲ့ပေမယ့်…..
အကောင်းမြင် အမေ့စိတ်ကလေးက
အမေ့နားတော့ မခွါစေချင်
သို့ပေမယ့် ငါ့ သား/သမီးတွေ
အမေမသေခင်…
အဆင်ပြေပြေမြင်ရဘို့အရေး
အမေ့နှလုံးသားကို ဥပေက္ခာပြု
….စတေးရဲတယ်လေ…။
အိုမင်းလို့
ကုန်းကွ…ရုန်းမရတဲ့ဘ၀အရွယ်မှာ
အမေ့အနားမှာ ဘယ်သူမှမရှိ
တွေးမိလျှင်
ရင်နာလွန်းလို့…..မျက်ရည်တွေကျခဲ့ပေမယ့်
အမေ့ရဲ့ မေတ္တာ…သား/သမီးတွေအပေါ်မှာ
မပူပါနဲ့
ကလေးတို့ရယ်….အမေရယ်…သန်မာပါသေးတယ်တဲ့
ကြားခဲ့ရ ဤစကား…အမေ့ရဲ့
ကရုဏာသံအလားလို့
ရင်ဝယ်မယ် ပိုက်ထွေး…
လိုက်ရေးလို့မမှီ
စာလွှာတွေသည် အက္ခရာမည်
အမေ့ရဲ့ မေတ္တာသည်..
ဖော်ကျူးလို့….မရခဲ့တော့ပြီ…..။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment