Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ချစ်သောသူသာ……”

စကားလှလှတွေ ဖောင်ဖွဲ့
ရောင်နွဲ့လို့ လိုက်မပါ
ကြိုက်တာတွေမရှိပါဘူး….။
လှပါတယ် မေ့သက်ထားရယ်
စံနမူနာ ထားကာရယ်
ရန်သူပင်အနားမခွါရက်အောင်
အလံဖြူဖြူ…စိုက်ပါ
ဆိုစကားတွေရယ်….

မကြားပါရစေနဲ့….
နားကလေ …မသက်သာတယ်…တကယ်…။
ချစ်ပါတယ်…ဆိုစကားတိုင်း
ပျိုနားတိုင်း မ၀င်ခဲ့တာ
ဘာကြောင့်ကွယ် အဖြေရှာ
ရင်ထဲမှာ ချစ်သောသူသာ
အနားမှာပင် ရှိခဲ့တာကွယ်
ဂိုးပေအုံး….အချစ်တွေ
တစ်၊နှစ်၊သုံး၊လေး….ငါ…ရေ
ချစ်သောသူဟာ…တစ်ယောက်တည်းပါလေ…..။

နေခြည်သစ်နွယ်(ပြည်)

No comments: