ပန်းချိုးမယူ
ပန်းပျိုးသူပါကွယ်….။
ပန်းတခက်
မကြွေပျက်အောင်လို့ 
မနမ်းရက်
မခြွေရက်ပါဘူး
ဝေလျှက်သာ
စွမ်းကုန်ပွင့်ပါလို့ 
ပန်းဂုဏ်ဝင့် ခရီးဆက်ပါလေ
စည်းတဖက်မှ
ချစ်နေမယ်…။
အဖြစ်သနစ်တို့ 
နီးစပ်ပါမှ
အချစ်စစ်လို
့
ကဗ္ဗည်းတပ်မှာလား?
တဝေးတခြားသာ
အသွေးအသားမပါ အကြင်နာစစ်တွေနဲ
့
မမြင်သာအချစ် တိတ်တခိုးပေမယ်.
ထိတ်မစိုးပါ
ပြန်မချစ်မှာလည်း
ပန်သစ္စာ
နှောင်ဖွဲ
့ခဲ
့ပါရဲ
့
( ကွယ်….
)
အရောင်မဲ
့နှလုံးသား…….။ ။
လှိုင်းသန့် ( မြန်မာစာ )
No comments:
Post a Comment