Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 8, 2012

“ချစ်တာပါ”


ကဗျာတွေ ရေးခဲ့ပေမယ့်
မာယာတွေ မများခဲ့ပါဘူး
ငါ..တကယ်ချစ်ခဲ့တာပါ….။
ကာရံတွေ မပါခဲ့ပေမယ့်
ချစ်ခြင်းရဲ့ကာရံတွေ
ကဗျာတစ်ပုဒ်မက…စာဖွဲ့လို့မရတာ
ငါ..တကယ်ချစ်ခဲ့တာပါ…..။
ပုထုစဉ်ထဲက..လူသား
ငါလည်းပဲ ပါနေခဲ့တာ
မာယာတွေ မများခဲ့ပါ
အပြစ်တွေမဆိုသာ
အချစ်တွေသာ ပေးချင်တာ
အဲ့ဒါ…..
ငါ…တကယ်ချစ်ခဲ့တာပါ….။

နေခြည်သစ်နွယ်(ပြည်)

No comments: