Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 17, 2012

“လွတ်လပ်ရေး”

“လွတ်လပ်ရေး”
တစ်ထောင့်ကိုးရာ၊ လေးဆယ့်ရှစ်ခု
လွတ်လပ်ကာလ၊ ယနေ့ကမ္ဘာ
ဟစ်ကြွေးသီလာ၊ ခြောက်ဆယ့်ငါးနှစ်
တိုင်ခဲ့လေပြီ …ဇန်န၀ါရီ…..။
နှစ်ဟောင်းအမွေ မပျောက်ပျက်ပေ
တို့ပြည်သူတွေ..ထိန်းသိမ်းမလေ….။
ဘိုးဘေးဘီဘင် အသက်သွေးချွေး
ရင်းနှီးကာပြု တိုက်စစ်ဆင်သည်
အောင်ဆန်းဇာနည်…အပါအ၀င်…။
နယ်ချဲ့စံနစ်ဆိုး ဖက်ဆစ်မျိုးမှ
သူ့ကျွန်မခံ တော်လှန်တွန်းကန်
သွေးချွေးဆပ်ခဲ့…လွတ်လပ်ရေးအမှန်…။
သမိုင်းမှတ်တမ်း၊ တွင်ကျန်ရစ်နေ
ယနေ့မြန်မာတွေ…လွတ်လပ်ပျော်ရွှင်နေ….။


နေခြည်သစ်နွယ်(ပြည်)

“ကျောင်းဖွင့်ချိန်”



“ကျောင်းဖွင့်ချိန်”

ကျောင်းဖွင့်ပြီပေါ့

ငါရပ်စောင့်နေ ကျောင်းထိပ်နားမှာ …။

နင်တစ်ယောက်ကို

အတန်းသွားဖို့ အတူတူပေါ့….။

အခန်းဝမှာ နင်ရပ်နေတယ်

ငါ့ကိုစောင့်လို့ အတူတူဝင်……။

စာသင်ခန်းထဲ နှစ်ယောက်အတူ

ထိုင်ကာအတူပျော်နေ…..။

စာသင်နေချိန် နင့်မျက်နှာလေး

ငါခိုးကြည့်နေ တစိမ့်စိမ့်လေ

နင်မသိစေ…ငါချစ်တယ်လေ….။

“အမှတ်မထင်”



“အမှတ်မထင်”

ငါ၏ခန္ဓာ အကျွန်ုပ်သည်

ငါပဲသမုဒ် ငါပဲဟုတ်သည်

ငါလည်းပဲထင် ငါပဲဖြစ်သည်

မရှုခန္ဓာ ဤဘ၀မှာ…။

ငါပဲသူပဲ ခွဲခြားတတ်သည်

ခန္ဓာရုပ်နာမ် မကွဲပြားပြီ

အလွဲမှားပြီ ဤဘ၀တွင်…။

အရေလည်းဖုံး မပျက်သုဉ်းသော်

အစွဲမှတ်ထင် ငါပြင်သည်ဟု

ရေးကြောင်းမထင် ဇရာတွင်သည်

ငါပဲငြင်းသည် ဤခန္ဓာတွင်…။

Saturday, December 15, 2012

“အချစ်စိတ်”

“အချစ်စိတ်”
တိတ်တဆိပ်အရိပ် တထိပ်ထိပ်သာ
တွေးဆကြံကာ မှန်းဆကာဖြင့်
တမ်းတမိတာ သူ့မျက်နှာ….။
အတွေးစိုးထိတ် အချစ်စိတ်က
နှစ်သက်တစ်ခါ အိပ်မက်တူစွာ
မက်တဲ့အခါ မဖျောက်ဖျက်တာ
ရင်မှာတသ သိမ်းဆည်းလျှက်က
မြတ်နိုးမိတာ သူ့အချစ်ပါ….။
တွယ်တာရစ်ငင် သူ့အသွင်သည်
ဖွဲ့နွဲ့အလှ ကဗျာတစ်မျှ
ပကာသန ဖက်မမျှတည့်
အလှစစ်၏ ပုံရိပ်အသွင်
ဆောင်ကြဉ်းမိသည် သူ့ရင်ခွင်…..။

နေခြည်သစ်နွယ်(ပြည်)

Thursday, December 13, 2012

“စေတနာရှင်”


“စေတနာရှင်”

နံနက်ခင်းက ၊ ကျောင်းသွားဖို့ပြင်
ညီမလေးခင်၊ အစဉ်သာပင်…
အကြင်နာပေး၊ ရင်မှာအေးသို့
အလှတို့ဖြင့် ဂုဏ်ဝင့်နေ…..။

ပါးပြင်နှစ်ဖက်၊ သနပ်ခါးစက်
လိမ်းခြယ်ကြံသ၊ ၀ိုးတ၀ါးလည်း
မွေးပျံ့နေစေ၊ ရင်မှာအေးပေ
ညီမလေးရဲ့ အလှတွေ…..။

ကျောင်းစာအတွေး၊ ဗျာမနှေးနဲ့
“က”ကလေးငယ်၊ ညီမလေးရယ်
စာတွေရေးမယ်၊ သင်အံတွေးကွယ်
အနာဂါတ်အတွက် ချစ်စဖွယ်…..။

ကျောင်းကြီးပိတ်ကာ၊ ညီမလေးသာ
စာတွေရေးလာ၊ အမှာပေးကာ
တစ်ခါကကဗျာ… ဆရာမသာ
ဖြစ်စေချင်တာ …စေတနာ…..။


နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

Monday, December 10, 2012

“သံလွင်မှတ်တမ်း”



တစ်ခါကဆီ ရောက်ခဲ့ပေသည်

“ကရင်ပြည်နယ်”….

လမ်းမှဖြတ်သွား ပဲခူးအစ

ညောင်ခါးရှည်လေ ဆက်၍လှမ်းနေ

တောင်ပြာတန်းတွေ တွေ့မြင်ရနေ

ကနဦးရဲ့အစလေ….။

မှန်းမျှော်အရောက် တွေးဆချင့်သည်

ရောက်ပင်သော်ငြား သထုံအပါး

နားခိုရာမှ ဖူးတွေ့မြင်ရ

ရွှေစာရံက သပ္ပာယ်ရှုမဆုံး

ကြည်နူးမြင်ရ အထင်ကရ…..။

ရှေ့ဆက်ကာမျှော် တောင်ပေါ်တခေါ်

ပေါ်လာပါသော် လှမ်းတွေ့မြင်ရ

ဘားအံပြည်ရဲ့အလှ…။

ညှို့မှိုင်းကာနေ တောင်တန်းတွေလေ

စိမ်းလန်းစိုနေ မြူခိုးတဝေေ၀

သဘ၀တရားရဲ့ အလှတွေ….။

ယာဉ်ဆက်ကာစီး အမှတ်ကြည့်သည်

ရောက်လုပြန်ပြီ ကော့ကရိတ်ဆီ….။

လမ်းဖြတ်အကြည့် အတွေ့ထိသည်

မင်္ဂလာဆင်နွှဲ ဓလေ့ထုံးတမ်း

ရိုးရာအဆင် အမြင်သာလျှင်

တွေ့ရပါလျှင် အပြုံးတွေပင်

ရင်ထဲဘ၀င်ကြည်နူးမိပါသည်…။

တောင်ပေါ်စကား ၀ဲသံအလှ

ဖြူစင်တမျှ တိုင်းရင်းတို့က

ဧည့်ဝတ်ပျူငှာ တလပေါ့ဟာ

စိမ့်ဝင်ရသာ ရင်မှာစွဲတာ

တမ်းတမိတာ သူတို့လက်ရာပါ…..။

ချိုမြိန်သစ်သီး ဒူးရင်းသီးက

မမေ့နိုင်စရာ သထုံပြည်မှာ

ဘာသာတရား လွန်လွှမ်းမိုးတာ

ပျူငှာယဉ်ကျေး သူတို့လေးတွေ

တောင်ယာလုပ်ကာပျော်ပျော်နေ….။

လွမ်းတေးဆိုနေ ဒေါနတောင်ခြေ

လှမ်း၍ကြည့်နေ ဇွဲကပင်မြေ…။

အဝေးကဆီ ကျန်နေခဲ့ပြီ

လွမ်းနေပြီလေ သံလွင်ရေ…။


နေခြည်သစ်နွယ်(ပြည်)

“ဂုဏ်ပြုအလွမ်း”

“မေမေ”….လို့ ခေါ်ခွင့်ရတာ ကျေနပ်ခဲ့ပါတယ်…သက်ဦးဆိုတော့ အရူးဆုံးပဲလို့ပြောခဲ့ပေမယ့်၊ သိပ်ချစ်ခဲ့ရတဲ့မေမေ၊ သမီးကို မေမေလွယ်ထားချိန်..အချိန်ကာလတွေဟာ ၉လသော်မှ ၁၀လတာပင်ကြာခဲ့ပါတယ်၊ မွေးဖွားဆဲလုလု အချိန်နာရီ (၁)ရက်နှင့် နေ့တ၀က်ပင်ကြာခဲ့လေပြီ၊ ချို၊ ချဉ်၊ စပ်၊ ခါး၊ ပူ၊ ဖန် စားချင်သော်လည်း မစားသာ၊ အိပ်ပင်သော်မှ မတတ်သာလှပါဘူး၊ သမီးရဲ့ လမ်းဆုံးတွေ…လျှောက်လှမ်းလို့ မဆုံးခင်မှာ အသိစိတ်တွေကို မွေးဖွားပေးခဲ့တယ်..။
သမီးရဲ့အနား ဘယ်သူတွေမှမရှိသည့်တိုင်အောင် မေမေက အနားမှာရှိနေခဲ့တယ်၊ ဆုံးဖြတ်ချက်တွေခိုင်မာလာအောင်၊ အသိတရားတွေ ရင့်ကျက်လာစေရန်၊ လူ့ဘောင်အသိုင်းအ၀ိုင်းဝင်ဆံ့စေရန်၊ ပြောဆိုတတ်စေရန်၊ ဆုံးမမှုတွေက ထပ်ကာထပ်ကာ၊ ဘယ်တော့မှလည်းရိုးစင်းမသွားသလို၊ မထပ်စေနိုင်သော သတိပေးဆုံးမတားမြစ်မှုတွေကလည်း အနှိုင်းမရခဲ့ ဘူးပေါ့၊ သမီးလေးရဲ့ အတွေးအခေါ်..လိမ္မာယဉ်ကျေးမှုတွေကို..သင်တန်းတက်စရာမလိုအောင် မေမေက သွန်သင်ဆုံးမခဲ့တယ်၊ ပညာရေးတွေမှာ အနှောက်အယှက်မဖြစ်စေရအောင်၊ လျှောက်သောလမ်းတွေဖြောင့်ဖြူးလာအောင် အိပ်ယာဝင်သတိပေးပုံပြင် တွေကလည်း အခါခါပဲပေါ့….။
ဘ၀ရဲ့လမ်းမပေါ်ကို လျှောက်လှမ်းတဲ့နေရာမှာ စေတနာ၊ မေတ္တာတွေနဲ့အတူ စိတ်ထားဖြူစင်စွာထားတတ်ဖို့က မေမေ့ရဲ့ ရှေးရိုးလက်စွဲနဲ့ ပင်ကိုယ်ဓလေ့စရိုက်လေးဆိုရင်လည်း မှားနိုင်မယ်မထင်ပါဘူး၊ တစ်ပါးသူကို ကြည့်နေဖို့ထက် ကိုယ့်ကိုကိုယ် စောင့်ကြည့်နိုင်ဖို့ သတိမချပ် အမြဲမှာခဲ့သူက “မေမေရယ်”ပါ၊ ဘယ်နေရာကိုသွားသွား…သမီးလေးအနားမှာအမြဲ…ဒီအရွယ်ကြီးလို့ ပြောကြပေမယ့်လည်း ကလေးတစ်ယောက်လို ပါးပြင်ကို ဖွဖွလေးနမ်းကာ စောင့်ကြည့်နေတတ်သူကလည်း “မေမေ”ပါ၊ လျှောက် သောလမ်းတွေကို ယိုင်လဲမသွားရအောင်၊ ဖြောင့်ဖြူးသောလမ်းတွေကို ဆက်လျှောက်စေနိုင်ခဲ့တာလည်း “မေမေ”ပါ၊ ထမင်းပန်းကန်ပြားထဲက ထမင်းတို့ကို… မဝေငှလောက်သော ဟင်းတုံးလေးတစ်တုံးဖြင့် ဖဲ့မွကျွေးခဲ့သူ၊ အကြိုက်ချင်းတူသော ဟင်းတစ်ခွက်ဖြစ်ပါစေ....“မေမေ”မစားပါဘူးလို့ အခါခါငြင်းခဲ့ကာ…၀လင်သောအပြုံးတွေဖြင့် ကျွေးမွေးခဲ့တာလည်း “မေမေ”ပါ။
လောကရဲ့ဝန်းကျင်ပေါင်းမြောက်မြားစွာထဲမှာ…သမီးလေးကတစ်ယောက်တည်းပါ၊ အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ နေရာမျိုးစုံ၊ လောကမျိုးစုံတွေမှာ အန္တရာယ်တွေကျရောက်မလာအောင် ကာကွယ်ရှေ့ရှုလို့ မြတ်ဘုရားရှေ့မှာ ဆုတောင်းပေးခဲ့တာလည်း အခါခါပါ၊ လောကရဲ့အဆိုးအကောင်းတွေကြားမှာ သမီးလေးအားငယ်နေတဲ့အခါ နှစ်သိမ့်ပေးတတ်ခဲ့သလို၊ မျက်ရည်တွေကျလာ ခဲ့ရင်လည်း…ထပ်တူမျက်ရည်တွေနဲ့အတူ…အားပေးချီးမွမ်းတဲ့စကားလုံးတွေကလည်း…မနည်းတော့ပါဘူး….။