Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, July 31, 2012

“အချစ်၏စေညွှန်ရာ….သို့” (ဇာတ်သိမ်းပိုင်း)

“အချစ်၏စေညွှန်ရာ….သို့” (ဇာတ်သိမ်းပိုင်း)

မိန်းမများ၏အားနည်းချက်ဆန်သော စိတ်နှလုံးသားတို့တွင် သံစဉ်၏ စိတ်သည်လည်း အပါအ၀င်ဖြစ်နေခဲ့သည်၊ မောင့်ရဲ့ တောင်းပန်စကားတွေကြောင့်သာပင် “ချို” ရဲ့ ဒေါသမီးတောက်တို့သည် တရှိန်ထိုးပင် ကျဆင်းသွား ခဲ့ရသည်၊ မောင့်ကို မုန်းတီးသောစိတ်တို့မရှိခဲ့ပေမယ့်…ယုံကြည်မှုစိတ်တို့ ကုန်ဆုံးသွားခဲ့တော့သည်..
“ချို…မောင့်ကိုပြောအုံးလေ..ခွင့်လွှတ်လားလို့”
“ချို”ရင်ထဲမှာ ခွင့်မလွှတ်ချင်တဲ့စိတ်တွေ တဒင်္ဂဖြစ်ပေါ်လာခဲ့ပေမယ့် မောင့်ကို ခွင့်လွှတ်ခဲ့ရသည်.. သံစဉ်နှလုံးသားထဲမှာ အဖြူရောင်သက်သက်ဖြင့်သာရှိနေသင့်သည်၊ ဒါကြောင့် ပြုလုပ်မိတဲ့အမှားတစ်ခု အတွက် ခွင့်လွှတ်သင့်သည်ဟု “ချို”ထင်လိုက်မိ၍သာဖြစ်သည်…
“ချို…ခွင့်လွှတ်ပါတယ်မောင်”

“အချစ်၏စေညွှန်ရာ….သို့” (အပိုင်း-၁)

“အချစ်၏စေညွှန်ရာ….သို့”

ရာသီဥတုက မိုးရာသီဆိုပေမယ့် နွေခေါင်ခေါင်မှာပူသည့်နှယ် ပူပြင်းခြောက်သွေးလွန်းလှသည်။ ဆိုင်ထဲတွင် ဟိုဟိုဒီဒီလျှောက်သွားမိပြီး အတွေးတို့က ၀င်လာခဲ့ပြန်သည်။ ယခုလိုနွေရာသီဆန်တဲ့ရာသီဥတုလေးကို သံစဉ် မြင်လိုက်ရတဲ့အခါ အစ်ကို့ကို သတိတွေ ရနေမိခဲ့ပြန်သည်။
“အစ်ကိုရယ်…လွမ်းလိုက်တာနော်….ဒီအချိန်ဆို အစ်ကိုလည်း လွမ်းနေမှာဘဲနော်..တွေ့ခဲ့ရသည့် အချိန်တွေကို နောက်ပြန်လှည့်ကြည့်လိုက်ချင်ပါတယ်အစ်ကိုရယ်“
အင်တာနက်ဆိုင်လေးထဲတွင် အလုပ်လုပ်နေရင်း အပျင်းပြေဆိုသလို ချက်တင်ထိုင်ဖြစ်ခဲ့သည်။ သံစဉ် အားရင်အားသလို ၀ဘ်ဆိုဒ်တွေပေါ်မှာ ပျော်မွေ့နေတတ်သည်။ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ရင်း ဂိမ်းကစားချင်သည့်အခါတွင် သံစဉ် Facebook၀ဘ်ဆိုဒ်လေးကိုဖွင့်ပြီး ဂိမ်းအမြဲကစားတတ်သည်။ တစ်နေ့ တော့.. သံစဉ် Facebook စာမျက်နှာလေးပေါ် တက်ရင်း ဟိုကြည့်ဒီကြည့် ကြည့်လိုက်မိချိန်..
“ဟိုင်း..”
“ဟိုင်းပါရှင့်”
“ညီမနာမည် ဘယ်လိုခေါ်လဲ”

Sunday, July 29, 2012

“အလွမ်းလေးတွေခြွေ”

“အလွမ်းလေးတွေခြွေ”

နှလုံးသားလေးတွေ ကွဲကြေနေ
လွမ်းရသလေ နေ့ရက်များစွာပေ
ရင်ခွဲကြည့်စေ အဖြူအမဲသိနေ
ဒီရင်ထဲကချစ်ခြင်းတွေ…မင်းအတွက်ပါပဲလေ…။

Saturday, July 28, 2012

“တစ်ခါတုန်းက….အတိတ်ဆီ”

“တစ်ခါတုန်းက….အတိတ်ဆီ”
ယခုလို ၀ါဆိုဝဿန်ရာသီမှာ မိုးတွေကလည်း “ဖြောက်…ဖြောက်…ဖြောက်..ဖြောက်” နှင့်ကျနေသည်ကို ကြည့်ရင်း ညီမလေး ကိုကို့ကို သတိရလာခဲ့မိသည်။ ညီမလေးတို့မောင်နှမတွေ တစ်ယောက်တစ်နေရာဆီ ဘ၀ရဲ့ ခရီးကြမ်းတွေကို အံတုပြိုင်လျှောက်ရင်းဖြင့် ဝေးနေခဲ့ကြရသည်။

မနက်မိုးသောက်အလင်းရောက်သည့်အခါ ညီမလေးကို အိပ်ရာမှနှိုးလို့…အစားအသောက်လေးတွေကို တယု တယနဲ့ ခွံ့ကျွေးခဲ့သူက ညီမလေးရဲ့ကိုကို၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်အောင် သွန်သင်ပြသ ခဲ့သူကလည်း ညီမလေးရဲ့ကိုကိုပါပဲ….။
မိုးတွေက အရမ်းသည်းထန်လာသည့်အခါ ကိုကိုက ထီးကလေးမိုးပေးလို့…ခုတော့လည်း ဒီဇူလိုင်ရာသီတွေမှာ ညီမလေးတို့မောင်နှမတွေ တကွဲစီဖြစ်နေခဲ့လို့ပေါ့…။

Wednesday, July 25, 2012

“နှလုံးသားရဲ့ အနုပညာ”

“နှလုံးသားရဲ့ အနုပညာ”

လေပြေနုအေး ချိုတေးကြည်စေ
ဇူလိုင်မိုးဆွေ ရွာသွန်းစေ…။
သံသာချိုအေး မင်္ဂလာတေးတွေ
မွှေးပျံ့သင်းစေ ရင်ထဲတိုင်မလေ
ခွန်းဖွဲ့အသံဝေ အနုပညာမြေ
လှတိုင်း..တင့်တယ်ကြစေလေ..။

Monday, July 23, 2012

“ဘလော့ဂါလည်းကျွန်မ…စာရေးသူလည်းကျွန်မ”

“ဘလော့ဂါလည်းကျွန်မ…စာရေးသူလည်းကျွန်မ”

ဒီနေ့ ကျွန်မ အချိန်လေးရသည်နှင့် “ချစ်သူကဗျာ”၀ဘ်ဆိုဒ်လေးကို updateလုပ်ဖို့ စိတ်ကူးလေးရမိပါတယ်။ ဒီဆိုဒ်လေးကို စတင်တည်ထောင်ခဲ့တာ ၂၀၁၁ခုနှစ်၊ သြဂုတ်လတုန်းကဆိုပါတော့ရှင်။ ကျွန်မက ကွန်ပျူတာနဲ့ ပတ်သက်လျှင် နည်းပညာပိုင်းကို အားနည်းချက်ရှိခဲ့ပါတယ်။ ကွန်ပျူတာကို အသုံးပြုခဲ့တာ (၁၀)နှစ်ကျော် လောက်ရှိခဲ့ပေမယ့်လည်း ကျွန်မကျင်လည်နေရသည့်အပိုင်းက DTPအပိုင်းတစ်ခုတည်းသာ။ နည်းပညာ ဆိုသည့်အပိုင်းကို ၂၀၁၀ခုနှစ်မှစတင်ပြီး လေ့လာခဲ့မိသူဆိုရင် မမှားပါဘူး။ ကွန်ပျူတာနဲ့ သားသမီးလိုဖြစ်နေတဲ့ ကျွန်မ၊ ခုဆို ကိုယ်ပိုင်ဝဘ်ဆိုဒ်လေးတစ်ခုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ၀ဘ်ဆိုဒ်လေးစတင်တည်ထောင်စဉ် ကျွန်မ ၀ါသနာပါသော စာတွေရေးမည်၊ ကဗျာလေးတွေ စုစည်းတင်ဆက်မည် ဒီလောက်ပါပဲ။ သို့ပေမယ့် ကျွန်မ ပြန်တွေးကြည့်မိပါတယ် အွန်လိုင်းပေါ်တွင် ရေပန်းစားသည်က ဘလော့ဂါဆိုပါလား။ ဘလော့ဂါဆိုသည့် အဓိပ္ပါယ်ကိုတော့ ကျွန်မ ကောင်းကောင်းမကျွမ်းဝင်ပါဘူး၊ ကျွန်မသိထားတဲ့ ဘလော့ဂါဆိုတာကတော့ ဘလော့တွေပေါ်မှာ စာတွေရေးသူမို့ ဘလော့ဂါလို့ ရိုးရိုးလေးပဲ တွေးထင်မိပါတယ်၊ စာဖတ်သူတွေလည်း

“မေ…အရင်အတိုင်းပဲ”

 “မေ…အရင်အတိုင်းပဲ”

လူပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ရယ်
နဂိုအတိုင်း အလှမပျက်စေရန်ရွယ်
ထာဝရ နမ်းရှိုက်စေကွယ်…
မောင်တစ်ယောက်တည်းအတွက်ရည်ရွယ်။  ။