Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အလွမ်းရှိတဲ့ ပြဿဒါးနေ့ရက်များ”

“အလွမ်းရှိတဲ့ ပြဿဒါးနေ့ရက်များ”

“နွေ”ဆိုတဲ့ ကာလလေးကို ရောက်တာနဲ့ သင်္ကြန်ဆိုတဲ့ အချိန်လေးကို တမ်းတမိခဲ့ကြတာ ကောင်မလေးနဲ့အတူ လူသားတွေအားလုံးပါပဲ…
သင်္ကြန်ဆိုတဲ့အချိန်အခါလေးကို လွမ်းရင်းနဲ့ ခုဆို ဘာလိုလိုနဲ့ (၃)ရက်သာ လိုတော့တယ်မဟုတ်လား
ဒီအချိန်လေးမရောက်ခင်တည်းက သင်္ကြန်အတွက်ဆိုပြီး အစီအစဉ်သစ်လေးတွေဆွဲထားလိုက်ကြ
တာ အကြိုနေ့လေးကို ရောက်တော့မှဘဲ ကောင်မလေးတို့ရဲ့ အစီအစဉ်လေးတွေ ပြီးမြောက်နိုင်ပါတော့တယ်…။

အချို့တွေကလည်း သာသနာ့အရိပ်မှာ ခိုလှုံကြလို့…အချို့တွေကတော့ သင်္ကြန်ရက်တွေမှာ ဘယ်လိုကဲကြမယ်…ဘယ်လိုလည်ကြမယ်…
ယ်လိုအလှူဒါနလေးတွေ ပြုလိုက်ကြမယ် အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ၊ အထူးအစီအစဉ်လေးတွေနဲ့ မဏ္ဍပ်မှာ ဘယ်လိုကဲကြမယ် စသဖြင့်ပေါ့နော်….
သင်္ကြန်ဆိုတာကို မရောက်ခင်တည်းက သင်္ကြန်သီချင်းလေးတွေက ကောင်မလေးတို့နားထဲမှာ ပျံ့လွင့်နေခဲ့ကြတယ်….အသစ်အသစ်သောသီချင်းလေးတွေရှိနေပေမယ့်လည်း၊ဘယ်တော့မှမရိုးနိုင်တဲ့အပြင်…လွမ်းစရာကောင်းတဲ့ သင်္ကြန်မိုးကတော့ သင်္ကြန်ရဲ့မှတ်တိုင်…. တနည်းပြောရရင်တော့ မြန်မာတို့ရဲ့မှတ်တိုင် ဆိုရင်လည်း မှားမယ်မထင်ပါဘူး….
သင်္ကြန်မိုးဆိုတဲ့ အမှတ်တရရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒီသင်္ကြန်ရဲ့ အလွမ်းတွေတင်မဟုတ်ဘဲ သင်္ကြန်တိုင်းရဲ့ နေ့ရက်တွေမှာ စိုးမိုးနေခဲ့တယ်နော်….
သင်္ကြန်ကိုချစ်ကြတဲ့ စာဖတ်သူတွေရော ဒီသင်္ကြန်မှာ ဘယ်လိုအစီအစဉ်လေးတွေနဲ့ သင်္ကြန်ကို ဖြတ်သန်းလိုက်ကြမလဲဟင် အပျော်တွေနဲ့လား…ဒါမှမဟုတ်…အလွမ်းတွေနဲ့လားဟင်…
ကောင်မလေးဖြတ်သန်းရမယ့် သင်္ကြန်နေ့ရက်တွေကတော့ အလွမ်းရှိတဲ့ ပြဿဒါးနေ့ရက်တွေပါပဲ… ငယ်စဉ်အချိန်အခါက သင်္ကြန်ဆိုရင် အပျော်ဆုံးနေ့ရက်တွေပေါ့…မရိုးဆန်းနိုင်တဲ့ ကကွက်ဆန်းတွေနဲ့အတူ ပရိသတ်ကြီးကို ကပြဖျော်ဖြေခဲ့တာတွေက ဒီနေ့တိုင်အောင် ရင်ထဲမှာ အမှတ်တရဖြစ်နေခဲ့ရပါတယ်….
သင်္ကြန်မှာ ရေပက်ခံထွက်ရတာကို အားကျခဲ့ပေမယ့် တပါးသူကို ရေဖျန်းပတ်ရတာကို ပိုပြီးနှစ်ခြိုက်တတ်တာ ကောင်မလေးရဲ့ သဘာဝပါပဲ….။
သင်္ကြန်ရက်တွေမှာ အပြည့်အ၀ခံစားတတ်တာ ငယ်စဉ်ဘ၀တွေကပေါ့….သင်္ကြန်ရဲ့ နောက်ဆုံးညနေလေး တွေဆို သင်္ကြန်ကိုလွမ်းလွန်းလို့ ညနေစောင်းအချိန်တွေထိ ရေကစားခဲ့တာတွေကလည်း ကောင်မလေးရဲ့ သင်္ကြန်အမှတ်တရနေ့ရက်လေးတွေပါပဲ….။
ငယ်စဉ်ဘ၀တွေကို ဖြတ်သန်းရင်းနဲ့ သင်္ကြန်ကာလတွေကို ဖြတ်သန်းခဲ့တာ ခုဆို အချိန်ကာလတွေတစ်ခုဆီကိုတောင် ရောက်လာခဲ့ပြီနော်….အချိန်ကာလတွေကျော်လွန်လာခဲ့သလို အရွယ်တွေလည်း ရောက်လာခဲ့တာမို့…ခုလို နှစ်သစ်ကူးတော့မယ့် သင်္ကြန်ရက်လေးတွေမှာ ချစ်သောသူနဲ့အတူ ဖြတ်သန်းချင်ခဲ့တာ ကောင်မလေးရဲ့ဆန္ဒတစ်ခုပါ…..။
ဒီနှစ်သင်္ကြန်လေးဟာ ထူးခြားတဲ့ရက်မြတ်လေးတစ်ခုရယ်ပါ…အတာကာလငါးရက်ရှိတဲ့ရက်တွေမှာ ကောင်မလေး ဘာလုပ်ရမလဲဟင်….စဉ်းစားမိပါတယ် ချစ်သူနဲ့အတူ လျှောက်လည်ချင်မိတယ်….ချစ်သူကို ဦးဦးဖျားဖျားဆိုသလို ရေစင်အေးအေးလေး ဖျန်းပက်ချင်မိတယ်….ချစ်သူအတွက်အမှတ်တရ ဒီသင်္ကြန်ရဲ့ ပိတောက်တစ်ခက်ကို လက်ဆောင်အဖြစ် ပေးချင်တယ်……။
အကြောင်းအရာမျိုးစုံ စိတ်ကူးယဉ်ခဲ့မိတဲ့ ကောင်မလေးရဲ့ သင်္ကြန်နေ့ရက်တွေကတော့ ပြဿဒါးရှိတဲ့ နေ့ရက်တွေပဲဖြစ်နေပါတော့တယ်…..ခုတော့လည်း သင်္ကြန်ဆိုတဲ့အချိန်လေးကို သီချင်းတွေနဲ့ဖြတ်သန်းရင်း လွမ်းပြီးရင်းလွမ်းနေရပြီပေါ့နော်…
ချစ်သူရေ ဒါတွေကို မင်းသိပါလေစနော်…တစ်နှစ်မှာတစ်ခါသာ ကျရောက်တတ်တဲ့ ဒီနှစ်ဦးရဲ့အတာသင်္ကြန်ဟာ တို့နှစ်ယောက်အတွက်တော့ အလွမ်းရှိတဲ့ပြဿဒါးနေ့ရက်တွေနဲ့အတူ ဖြတ်သန်းရအုံးမှာပေါ့နော်..
သင်္ကြန်ကာလတွေဟာ သူများတွေအတွက်တော့ ပျော်စရာအတိနဲ့ ဖြတ်သန်းကြရပေမယ့် ကောင်မလေးအတွက်တော့ အလွမ်းတွေကို ပွေ့ပိုက်ရင်း ကုန်ဆုံးရပြန်အုံးမှာပေါ့လေ….
စာဖတ်သူတွေရော ကောင်မလေးလိုပဲ လွမ်းနေရအုံးမှာလားဟင်….သင်္ကြန်ဆိုတာ တစ်နှစ်မှတစ်ခါပဲမို့ ကောင်မလေး လွမ်းနေသလို မလွမ်းကြပါနဲ့နော်…အပျော်ရွှင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းကြပါလို့ ကောင်မလေးက ပြောခဲ့ချင်ပါတယ်….။
ကောင်မလေးကတော့ ပြဿဒါးရှိတဲ့နေ့ရက်တွေတိုင်းကို လွမ်းနေရအုံးမှာ…စာဖတ်သူတွေလို ဒီသင်္ကြန်မှာ ရင်မခုန်ရတော့ပါဘူး…ချစ်သူရေ…ချစ်သူနဲ့အတူ ကောင်မလေးတို့ အတူတူလွမ်းနေကြမယ်နော်….
တစ်မိုးအောက်ဆိုတဲ့ ကမ္ဘာမြေပြင်ကြီးထဲမှာ သာလွန်းတဲ့လမင်းကြီးကို ငေးကြည့်ရင်း အလွမ်းတွေကို ရင်မှာပိုက်လို့ ချစ်သူနဲ့ ကောင်မလေးတို့ ထွေးပွေ့ထားကြမယ်နော်…။
အလွမ်းဆိုတာ တကယ်တော့ ခံစားမှုတွေပါ…ခံစားမှုရှိတဲ့သူတိုင်းလည်း မလွမ်းတတ်ပါဘူးချစ်သူရယ်…. ချစ်သူနဲ့အတူ ထပ်တူကျတဲ့ ကောင်မလေးတစ်ယောက်ကတော့ စည်းတစ်ဖက်ခြားနေတဲ့ အလွမ်းတွေရဲ့  အဝေးမှာ ချစ်သူကို မျှော်နေတတ်ခဲ့ပြီလေ…ကြိုးလေးတစ်ချောင်းက ကောင်မလေးရဲ့ ရင်ထဲကို တွယ်မိစေခဲ့ပြီလေ…အဲ့ဒီကြိုးလေးကို ချစ်သူရော ဖြတ်တောင်နိုင်ခဲ့လားဟင်….ညာမနေပါနဲ့ ချစ်သူရယ် ကောင်မလေးသိနေခဲ့ပါတယ်….
ချစ်သူနဲ့အတူရှိနေချိန်တိုင်း ကောင်မလေးပျော်ခဲ့ရတယ်…ချစ်သူကို လွမ်းနေ ပေမယ့်… စကားလေးတစ်ခွန်းပြောနေရခြင်းကပဲ အလွမ်းတွေကို သက်သာစေခဲ့ပြန်တယ်လေ….။
ချစ်သူရေ…ကောင်မလေးတို့အတွက် အလွမ်းဆိုတဲ့ ဝေးကွာရတဲ့နေ့ရက်တွေရှိနေသမျှ အချိန်တိုင်းဟာ ပြဿဒါးနေ့ရက်တွေမဟုတ်လား..အဲ့ဒီပြဿဒါးနေ့ရက်တွေကို ကျော်ဖြတ်ကြမယ်လေ….ပြဿဒါးပြီးရင် ရက်ရာဇာဆိုတဲ့နေ့လေးတွေကိုတော့ ရောက်အုံးမယ်ထင်ပါရဲ့နော်…။
ဒီအလွမ်းပြဿဒါးနေ့ရက်တွေကို ကောင်မလေးက သာသနာ့ရဲ့အရိပ်ကို ခိုလှုံရင်း ဖြတ်သန်းတော့မယ်တဲ့ ချစ်သူရယ်…
ချစ်သူ….ကောင်မလေးအတွက် သာဓုခေါ်ပေးလိုက်တော့နော်….ချစ်သူလည်း ပျော်ရွှင်နိုင်ပါစေ….
“အလင်းရှိတဲ့နေ့ရက်…အလွမ်းမရှိတဲ့ပြဿဒါးနေ့ရက်”တွေကို ချစ်သူ ဖြတ်သန်းနိုင်ပါစေလို့ ကောင်မလေးက ဆုတောင်းပေးခဲ့ပါရစေ….။
ချစ်သူနဲ့အတူ..ဒီသင်္ကြန်မှာပျော်ကြ ၊ ကဲကြ၊ အပြတ်နွှဲလိုက်ကြမယ်ဆိုတဲ့….ဘော်ဘော်တို့ရေ ကောင်မလေး နှုတ်ဆက်ခဲ့တယ်နော်…သင်္ကြန်ကုန်လို့.
 ပြန်ဆုံမယ့်နေ့ရက်တွေတိုင်း
ဟာ…အားလုံးရဲ့ ရက်ရာဇာနေ့သစ်လေး တွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းနဲ့….ကောင်မလေးကို နှုတ်ဆက်ခွင့်ပြုပါတော့နော်…..။ 
နေခြည်သစ်နွယ်(ပြည်)

No comments: