Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မျှော်လင့်ချက်အိမ်ကလေး”


“မျှော်လင့်ချက်အိမ်ကလေး”

“ဒီနေ့ ရာသီဥတု သာယာနေပါလား”
“၀ါး……ဟုတ်တယ်နော် ဖေကြီး”
“မေကြီးရေ……သားနဲ့သမီးရော”
“အယ်….ဟုတ်ပါရဲ့”
“သားတို့….သမီးတို့ရေ”
“၀ါး…..”
“အမလေး… လန့်လိုက်တာကွယ်”
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ၀တ်ရည်ပိုင်ဆိုင်ခဲ့ရလို့ ရင်ထဲမှာ ကြည်နူးပီတိဖြစ်နေရပါပြီ၊ ၀တ်ရည်မျှော်လင့်ခဲ့တဲ့ ဒီအချိန်လေးတွေ ခုဆိုရင် အတိုင်းမသိပျော်နေခဲ့ရပါပြီ၊ ဒါက လည်း ၀တ်ရည်ကို ကြင်နာမှု၊ နွေးထွေးမှုပေးခဲ့တဲ့ မောင်တစ်ယောက်ကြောင့်မဟုတ်ပါလား။
မောင်ရယ်…ခုဆိုရင် ၀တ်ရည်နဲ့မောင်တို့ရဲ့ မင်္ဂလာသက်တမ်းက(၅)နှစ်တောင်ရှိခဲ့ပြီနော်၊ သားနဲ့သမီးတောင် ခုဆိုရင် အရမ်းကို သိတတ်နေကြပြီ၊ ၀တ်ရည်နဲ့မောင်တို့ရဲ့ ဟိုး…အရင် ချစ်သူဘ၀တွေကို မြင်ယောင်နေမိပြန်ပါသေးတယ်၊

“ဟေ့ကောင် ရန်လင်း”
“ဘာတွေမှိုင်နေတာလဲကွ”
“ဟာ….ထွန်းထွန်းကလဲကွာ….လန့်လိုက်တာ”
“ဘာလဲ…မင်းမမ ဒီနေ့ မလာသေးလို့လားကွ”
“အေးကွာ… ဒီနေ့ ဘာဖြစ်လဲမသိပါဘူး”
“ငါလည်း…စောင့်နေတာကြာပြီကွ”
“နေမကောင်းများဖြစ်နေမလားကွာ”
“မောင်”လို့ခေါ်တဲ့ ၀တ်ရည်ရဲ့ ချစ်သူနာမည်က ရန်လင်းဦးပါပဲ၊ သူ့ကို သူငယ်ချင်းတွေက ရန်လင်းလို့ပဲ ခေါ်ကြတာပေါ့၊ ၀တ်ရည်ရဲ့နာမည်ကတော့ ၀တ်ရည်ချိုတဲ့၊ ထွန်းထွန်းကတော့ ရန်လင်းရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့။
“ဟေ့ကောင် ….ဟော ဟိုမှာ…မင်းမမ လာနေပြီ”
“ဟင်..ဟုတ်လား”
“မင်းသွားတော့လေကွာ”
”ဟာ…ငါမသွားရဲပါဘူးကွာ”
“မမမျက်နှာက တည်တည်ကြီးနဲ့”
မောင်နဲ့ဝတ်ရည်နဲ့က ဒေသချင်းလည်း မတူကြဘူးလေ၊ ၀တ်ရည်က ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ဆရာမလေးပါ့၊ မောင်ကတော့ စစ်တက္ကသိုလ်က အရာရှိပေါက်စလေးပေါ့၊ မောင်က နေ့တိုင်းဆိုသလိုပါပဲ ၀တ်ရည်ကျောင်းတက်တဲ့နေ့တွေဆို တစ်ပတ်မှာ သုံးရက်လောက် ကျောင်းရှေ့က ကော်ဖီဆိုင်မှာထိုင်ပြီး စောင့်နေကျပေါ့၊ တစ်နေ့တော့….အိမ်ပြန်ချိန်ညနေခင်းလေးမှာ
“ဟာ မိုးတွေကလည်း သဲလိုက်တာနော်”
“ဟင်…. ထီးကလည်းမပါဘူး…ဒုက္ခပါပဲ”
“အဟင်း…..အဟင်း….အဟင်း”
ချောင်းသံလေးကြားလို့ လှည့်ကြည့်မိမှာတော့…
“ဒီက.. ဆရာမလေးက ၀တ်ရည်ချိုမလား”
“ရှင်..” “ဟုတ်ပါတယ်”
“ရှင်က….”
“အော်… ကျွန်တော့်နာမည်က ရန်လင်းဦးပါ”
“မိုးတွေရွာနေတော့ အခက်တွေ့နေတာပေါ့”
“ကျွန်တော်နဲ့ လိုက်ခဲ့ပါလား”
“ရှင်….”
“အော်..မဟုတ်ပါဘူး…ဒီလိုပါ”
“ကျွန်တော့်မှာ ထီးပါလာတယ်လေ.. အဲဒါကြောင့်ပါ”
“ဟုတ်ကဲ့” “ကျေးဇူးတင်ပါတယ်”
“ကျွန်မ သူငယ်ချင်းကို စောင့်လိုက်ပါအုံးမယ်”
“သူလာကြိုမယ်ပြောလို့လေ”
“အော်….”
တစ်ကယ်တော့ ၀တ်ရည်ကို ဘယ်သူကမှ လာမကြိုပါဘူး၊ လိမ်ပြောလိုက်တာပါ အချိန်ကလည်း တဖြည်းဖြည်းဆိုသလို ငါးနာရီတောင်ထိုးတော့မှာပါလား၊ မိုးကလည်း စဲမယ်မထင်တော့ပါဘူး၊ အင်း… သူကလည်း ကားမရလို့ မပြန်ရသေးဘူး… သူ့ထီးလေးနဲ့ ကပ်လိုက်သွားရင်တော့ အဆင်ပြေနိုင်မယ်ထင်ပါရဲ့၊ သူမပြန်ရမည့်နေရာက ရွှေပြည်သာ….
“အဟင်း…ဟင်း…အဟင်း”
“ကို…..ကို….ကိုရန်လင်းဦး”
“ဟုတ်ကဲ့”
“ဘာများကူညီပေးရမလဲ မသိဘူး”
“ကျွန်မ ရှင့်ထီးလေးနဲ့အတူ လိုက်ခဲ့ချင်လို့ပါ”
“ရမလားမသိဘူး”
“အော်…ဟုတ်ကဲ့ ရပါတယ်ခင်ဗျ”
“ဒါဆိုလည်း ကျွန်တော်တို့နှစ်ယောက်အတူ ဘတ်စ်ကားစောင့်ကြတာပေါ့”
ပြောရင်းဆိုရင်းပင် ကားက ရောက်လာပါပြီ၊ ထီးလေးက နှစ်ယောက်တစ်ချောင်းဆိုတော့ လုံတယ်ဆိုရုံလောက်ပါပဲ
“အော်…ဒါနဲ့ ကိုရန်လင်းဦးက ဘယ်ထိလဲမသိဘူး”
“မင်္ဂလာဒုံဘက်ကိုပါ”
“အော်….ဝေးတယ်နော်”
“ဟုတ်ကဲ့..ကျွန်တော် အဲဒီမှာ တာဝန်ကျတယ်ခင်ဗျ”
“ကျွန်မနာမည်လည်း မှတ်ထားပေါ့နော်….၀တ်ရည်ချိုပါ”
“ကွန်ပျူတာတက္ကသိုလ်က ဆရာမပါ”
“ဟုတ်ကဲ့”
“ကျွန်တော်ကတော့ မင်္ဂလာဒုံတပ်ရင်း အမှတ် ( )က ဒုဗိုလ် ရန်လင်းဦးပါ”
“နောက်တွေ့ရင်လည်း ခေါ်ပါနော်”
“ဘုန်းကြီးမှတ်တိုင်ပါသေးလား……..ဘုန်းကြီးမှတ်တိုင်”
“အော်…ဟုတ်ကဲ့ ကျွန်မဆင်းတော့မယ်”
“ဟော….ဟိုမှာ စပါယ်ယာအော်နေပြီ”
“သွားတော့မယ်နော်” “ဟုတ်ကဲ့…”
အဲဒီနောက်နေ့တွေမှာတော့ မောင်က ၀တ်ရည်စီကို အမြဲတမ်းလိုလို လာတတ်နေပါပြီ၊ တစ်နေ့မှာတော့ မောင်နဲ့ကျွန်မ နှစ်ယောက်တည်းဆုံတဲ့အချိန်….
“၀တ်ရည်ချို”
“ရှင်”
“၀တ်ရည်လို့ပဲ ခေါ်ပါရစေနော်”
“ဟုတ်”
“ကျွန်တော် ၀တ်ရည်ကို ချစ်နေမိပြီဗျာ”
“ရှင်…..”
“ဟုတ်တယ်”
“ကျွန်တော် ချစ်နေတာကြာပါပြီ”
“အခွင့်အရေးယူတယ်ဖြစ်မှာဆိုးတယ်လေ”
“အဲဒါကြောင့်ပါ”
“အော်….”
“ခုလည်း ကျွန်တော်ရှေ့တန်းထွက်ရမှာမို့လို့ ဖွင့်ပြောလိုက်ရတာပါ”
“ရှေ့တန်းကိုမသွားခင် ၀တ်ရည်စီက အဖြေတစ်ခုလိုချင်လို့ပါ”
“သန်ဘက်ခါဆိုရင် ကျွန်တော် စစ်မြေပြင်ကို ထွက်ရတော့မယ်လေ”
“မနက်ဖြန်ကို ၀တ်ရည်စီက အဖြေလေးကို ကျွန်တော် ကြားပါရစေနော်”
“မျှော်နေပါ့မယ်”
မောင်က သူလိုချင်တာတွေပြောပြီး ၀တ်ရည်ရှေ့က ထွက်သွားတော့သည်၊ ၀တ်ရည်ပြန်ဖြေချိန်မရလိုက်တော့ပါ၊ မောင့်ကျောပြင်လေးကိုငေးရင်း ၀တ်ရည်ရဲ့ ရင်ခုန်သံတွေ မူမမှန်တော့ပါ၊ ၀တ်ရည် ရင်ခုန်နေမိသည်၊ အသားအရေက ၀င်းဝါနေပြီး၊ အရပ်အမောင်းက ၅ပေ၆လက္မ၊ ခန္ဓာကိုယ်က ဖွံ့ထွားပြီး ရယ်လိုက်ရင်ဖြင့် သေးသွယ်ပြီး ဖွေးလှတဲ့ သွားလေးတွေက အစီအရီ၊ မမြင်သာတဲ့ ပါးချိုင့်လေးနှစ်ဘက်က ၀တ်ရည်ကို ဆွဲဆောင်မှုအတိရှိနေသည်။
“ အို…… ငါဘာတွေ တွေးမိနေပါလိမ့်နော်”
အတွေးဆတွေကို ချက်ချင်းဆိုသလို ရပ်ပစ်လိုက်ပြီး မောင့်ကို ၀တ်ရည် တစ်ကယ်ချစ်မိနေတာလား၊ အကြိမ်ကြိမ်စဉ်းစားမိသည်၊ တွေးမိတိုင်းလည်း ရန်လင်းဦးဆိုတဲ့ မောင့်ရဲ့အရိပ်တွေက စိုးလို့လို့နေပါသည်၊
“ဟူး…..မတွေးတော့ပါဘူး”
“အိပ်တာပဲ ကောင်းပါတယ်”
ဖယောင်းတိုင်မီးလေးမှုတ်ပြီး ၀တ်ရည်တစ်ယောက် ညသန်းခေါင်ရဲ့အချိန်တွေကို နှစ်ခြိုက်စွာ ဖြတ်သန်းနေတော့သည်။
နောက်နေ့နံနက် မိုးသောက်ယံမှာတော့…စောင့်နေကျနေရာလေးမှာ မောင့်ကို မြင်လိုက်ရပါသည်။
“၀တ်ရည်”
“ကျွန်တော့်အတွက် အဖြေလေးတစ်ခု ကြားချင်နေပါပြီ”
“ဟုတ်”
“ကျွန်တော် ၀မ်းသာရမှာလား ၀တ်ရည်”
“၀တ်ရည် ကိုရန်လင်းဦးကို ချစ်ပါတယ်”
“အဲဒီလို ပြောခဲ့လို့ အထင်သေးသွားမလားဟင်”
“၀တ်ရည်ရယ်……”
“အထင်မသေးပါဘူး”
“ပိုတောင် ချစ်နေမိပါသေးတယ် ၀တ်ရည်ရယ်”
“ကျွန်တော်ဖြင့်လေ အရမ်းပျော်တာပဲ ၀တ်ရည်ရယ်”
“မနက်ဖြန် ရှေ့တန်းကို ပျော်ရွှင်စွာနဲ့ သွားလို့ရပြီပေါ့နော် ၀တ်ရည်”
“ဟုတ်”
“ဒါဆို… ခုချိန်ကစပြီး ၀တ်ရည်နဲ့ကျွန်တော် ချစ်သူတွေဖြစ်သွားပြီပေါ့နော်”
“အင်း…”
“ပြီးတော့…ကျွန်တော်က ၀တ်ရည်ထက် ၂နှစ်လောက်ငယ်တဲ့သူဆိုတော့.”
“ကျွန်တော့်ကို ရန်လင်းလို့ မခေါ်ပါနဲ့တော့်နော်”
“ဒါဖြင့် ဘယ်လိုခေါ်ရမလဲ”
“မောင်” လို့ ခေါ်ရမယ်နော်”
“ဟုတ်ကဲ့ပါ…..ကိုရန်လင်း”…..အော်… မောင်”
မနက်ဖြန်ဆို မောင် ရှေ့တန်းထွက်ရတော့မယ်
“မောင်”
“ဘာလဲ ၀တ်ရည်”
“မောင်ပြန်လာမယ့်ခရီးလမ်းမှာ ၀တ်ရည် သပြေခက်နဲ့ ကြိုနေပါရစေနော်….”
“အင်းပါ ၀တ်ရည်ရယ်”
“ဒါဆို…မောင်သွားတော့မယ်နော်”
ရှေ့တန်းစစ်မြေပြင် ကားတွေက အစီအရီသာ
“အလေးပြု……..”
”နေမြဲ”
“တပ်ခွဲ( )၊ တပ်စိပ်(……)၊ တပ်စုမှူး (……)မှ ရှေ့တန်းထွက်ရန် အသင့်ဖြစ်…”
“ဆက်လုပ်….ရဲဘော်”
တည်ကြည်ခန့်ညားပြီး သေသပ်လှပတဲ့ စစ်စိမ်းရောင်ယူနီဖောင်းတစ်စုံက မောင့်ရဲ့အာဏာကို ပိုပြီး မော်ကြွားစေခဲ့ပါတယ်၊ ၀တ်ရည်တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အဝေးမှာ ကျန်နေခဲ့ပြီပေါ့၊ တဖြည်းဖြည်းနဲ့ ရှေ့တန်းထွက်ကားတွေက တရိပ်ရိပ်နဲ့ တောတောင်တွေရဲ့ ကြားထဲမှာ ပျောက်ကွယ်လုနီးပါးပေါ့…..
မောင်ထွက်သွားတာ ဒီနေ့ပါဆို နှစ်ပတ်ပြည့်တော့မယ်၊ မောင်တိုက်ပွဲတိုင်းမှာ အောင်မြင်နိုင်အောင် ၀တ်ရည်က နေ့စဉ်လို ဘုရားမှာ ဆုတောင်းပေးရုံကလွဲပြီး …နေ့စဉ်နဲ့အမျှ မျှော်လင့်နေရသည်သာ…
“အိမ်ရှင်တို့…..အိမ်ရှင်တို့”
“ရှင်.”
“အော်…ဒီက ဆရာမ ၀တ်ရည်ချိုဟုတ်ပါသလား”
“ဟုတ်ကဲ့…ကျွန်မ ၀တ်ရည်ချိုပါ”
“ဟုတ်ကဲ့”
“ဗိုလ်ကြီးရန်လင်းဦး” ရဲ့ သံကြိုးစာပါ
“အော်….ဟုတ်ကဲ့”
စစ်တပ်တွေရဲ့ ရှေ့တန်းက သံကြိုးစာဆိုတော့ ၀တ်ရည် ရင်ထိပ်နေရပါသည်၊ ဘာလို့လဲဆိုတော့ ၀တ်ရည်ရဲ့အဖေကလည်း စစ်တပ်က အငြိမ်းစားယူထားတဲ့သူတစ်ယောက်ဖြစ်နေလို့ပေါ့၊ အပြေးအလွှားဆိုသလို ၀တ်ရည် စာအိတ်လေးကို ဖောက်ပြီး ဖတ်လိုက်မိသည်။
ချစ်သူကိုလွမ်းတဲ့ ဝေးရပ်မြေမှ ချစ်သူရဲ့ ပေးစာလေးပေါ့
“ချစ်သူရေ….မောင်အရမ်းလွမ်းနေရတယ်၊ ၀တ်ရည်ရော နေကောင်းရဲ့လား…
အလုပ်အကိုင်တွေရော အဆင်ပြေရဲ့လား…၊ မောင်တို့နှစ်ယောက်က လက်တွေ့ဘ၀ကို ဦးတည်ထားပြီး ကြိုးစားနေရတော့၊ လွမ်းရတယ်ကွယ်၊ မောင်တို့နှစ်ယောက် စိတ်ထဲမှာရှိနေသရွေ့ အချစ်တွေလည်း ခိုင်မာနေမှာပါ၊ ၀တ်ရည်လည်း အလုပ်ကို ကြိုးစားနော်၊ အနန္တောအနန္တငါးပါးကိုလည်း မမေ့ပါနဲ့၊ မောင်ပြောတဲ့စကားတွေကို သေချာမှတ်ထားပါနော်၊ မောင့်ရဲ့ ပွဲတက်ဇနီးမယားတစ်ယောက်အတွက်၊ အရည်အချင်းတွေပြည့်ပြီး သစ္စာရှိတဲ့ မိန်းမမြတ်တစ်ယောက်အဖြစ် ကြိုးစားစေချင်လို့ပါ ချစ်သူရယ်….”
ဝေးတစ်မြေမှ
ချစ်တဲ့မောင်……”
မောင်ပါးတဲ့သ၀ဏ်လွှာကို ဖတ်ပြီး ၀တ်ရည်ခံစားရပါတယ်၊ ပျော်လည်းပျော်နေမိတယ်
“မောင်ရယ် အဲဒီလောက်တောင် ချစ်သတဲ့လား”
“၀တ်ရည်လည်း မောင့်ကို ချစ်ပါတယ်”
“သစ္စာရှိစွာနဲ့ မောင်ပြန်အလာကို စောင့်ကြိုနေပါ့မယ် မောင်ရယ်”
တစ်ဖြည်းဖြည်းနဲ့ လရောင်လေးထွက်စပြုလာပြီ၊ ညရဲ့ တိတ်ဆိပ်ငြိမ်သက်ခြင်းနဲ့အတူ….
“အားလုံးပဲဟေ့…. အကုန်လုံးမီးငြှိမ်း”
“လုံးဝမကျန်စေရ”
“ညကင်း ဘယ်သူလဲဟေ့”
“ရဲဘော် ဆန်နီပါခင်ဗျ”
“ရဲဘော် ဆန်နီ”
“ရှိ”
“စိတ်ချမယ်နော်”
“ဟုတ်.ဗိုလ်ကြီး”
မှောင်ရိပ်တို့က စိုးမိုးလာလေပြီ၊ လူခြေကတိတ်ဆိပ်လွန်းလှတယ်
“ဟိတ်…ဘယ်သူလဲဟေ့”
ရိပ်ခနဲဆိုသလိုပင်
“ရန်သူ……”
“ဒုန်း…….ဒိုင်း……ဒိုင်း….”
“ပစ်……..”
“တက်……..ပစ်…….”
“ဒုန်း…..ဒိုင်း…..အား…..အား…..”
တဖြည်းဖြည်းနဲ့ ညရဲ့အမှောင်ယံမှာ စစ်ပွဲတွေဖြစ်နေကြပြီ၊ ရန်သူ့နယ်မြေကို မကြာခင်အချိန်မှာဘဲ သိမ်းပိုက်နိုင်လိုက်ပါပြီ။
“ဟေး….ဟေး…. အောင်ပြီကွ….အောင်ပြီ”
“ရဲဘော်ဆန်နီက”
“ဗိုလ်ကြီး ကျွန်တော်တို့ဘက် (…..)ယောက်ကျရှုံး”
“ရန်သူ့အဖွဲ့(…..)ယောက်ကျရှုံး”
“ကျန်ရစ်ရန်သူ(……)ယေက်နှင့်အတူ လက်နက်(……..)သိမ်းဆည်းမိ”
ဗိုလ်ကြီး ရင်လင်းဦး ဦးဆောင်တဲ့ ရှေ့တန်းတပ်ဖွဲ့ဟာ အောင်နိုင်မှုသရဖူဆောင်းခဲ့ရပြီး၊ ရှေ့တန်းပြန်များကို ရဲမေတွေနဲ့အတူ အရာရှိများက ကြိုဆိုနေကြသည်သာ၊ မောင်ကတော့ အပြေးလေးလာပြီး ၀တ်ရည်ချိုရှိရာသို့….
“မောင်”
“၀တ်ရည်”
“ပြန်လာပြီနော် မောင်”
“မောင့်အတွက်ပါ”
ဝတ်ရည်က လက်ထဲက စံပယ်ပန်းကုံးလေးနဲ့အတူ အောင်သပြေပန်းလေးကို မောင့်ထံသို့ အပ်နှင်းရင်း မောင်ကလည်း ၀တ်ရည်ကို ရှေ့တန်းပြန်ချစ်အနမ်းလေးတစ်ပွင့် ပေးခဲ့လိုက်သည်။
“ဗိုလ်ကြီး”
ရဲဘော်ဆန်နီက ခေါ်နေသည်
“ဗိုလ်ကြီးကို တပ်ရင်းမှူးက ခေါ်နေပါတယ်”
တပ်ရင်းမှူးရုံးခန်းရောက်တော့
“ကဲ…ထိုင်ကွာ”
“ဟုတ်ကဲ့”
“ဗိုလ်ကြီး ရန်လင်းဦးကို ရှေ့တန်းစစ်မြေပြင်အောင်နိုင်သူအဖြစ်နဲ့ ရာထူးတိုးပါပါတယ်”
“၀မ်းသာစရာသတင်းပေါ့ကွာ”
““ဟုတ်ကဲ့”
“အလေးပြု….”
“နေမြဲ”
“ဆက်လုပ်….”
ခုဆိုရင် မောင်က အပွင့်လေးနှစ်ခက်နဲ့ဖြစ်သွားပြီပေါ့၊ မောင်နဲ့ဝတ်ရည်တို့ မျှော်မှန်းထားတာက မောင် သုံးပွင့်အရာရှိဖြစ်တဲ့အခါ လက်ထပ်ကြမယ်လို့လေ၊ ဒါပေမယ့် မောင့်ရဲ့ဆန္ဒတွေကြောင့် မောင်ရာထူးတိုးတာနဲ့ ၀တ်ရည်တို့ လက်ထပ်ဖြစ်ခဲ့ကြတယ်။
“၀တ်ရည်”
“ဘာလဲ မောင်”
“မောင်နဲ့ လက်ထပ်ပြီးရင် ၀တ်ရည် ဆရာမ မလုပ်ရတော့ဘူးနော်”
“ဘာလို့လဲ မောင်”
“အော်….ကိုယ့်မိန်းမကို မောင်က လုပ်ကျွေးမှာပေါ့”
“အော်…မောင်ကလည်း”
“အော်….၀တ်ရည်ရယ်……”
မောင် ၀တ်ရည်ကို သိပ်ချစ်လွန်းလို့ပါ”
“ဒီမယ်…မောင်ပြောပြမယ်”
“၀တ်ရည်က မောင့်အတွက် အလုပ်တစ်ခုပဲ လုပ်ပေးရမယ်”
“ဘာလဲဟင်…မောင်”
“မောင့်အတွက် မောင့်နေရာမှ အမွေတွေဆက်ခံပေးမယ့် မျိုးဆက်သစ် ရတနာလေးတွေ မွေးထုတ်ပေးဖို့ပေါ့”
“ဟင်….မောင်ကလည်း….ရှက်စရာကြီး”
“ဘာများလဲ အောက်မေ့တယ်”
“ဟုတ်တယ် ၀တ်ရည်ရဲ့… မောင် တကယ်ပြောနေတာ”
“အင်း…..ကောင်းပါပြီမောင်ရယ်”
ဝတ်ရည်မျှော်လင့်ထားသလို မောင့်ရဲ့စိတ်နဲ့ ထပ်တူဖြစ်ခဲ့ရတာသိရလို့ ၀မ်းသာပီတိဖြစ်နေရပါတယ်၊ ၀တ်ရည်လိုချင်တဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို မောင်နဲ့အတူ တည်ဆောက်ခွင့်ရခဲ့တာမို့ ၀တ်ရည် ပျော်နေမိတယ်။
“မေမေ”
“ဟင်….ဟင်း….လန့်လိုက်တာ သားတို့သမီးတို့ရယ်”
“ဘာတွေစဉ်းစားနေတာလဲ မေမေ”
“ဟုတ်သားပဲ ၀တ်ရည်ရယ်”
“မောင့်မိန်းမ ဘာတွေများ စဉ်းစားနေရတာလဲ”
“အော်….ဘာရယ်မဟုတ်ပါဘူး မောင်ရယ်”
ဝတ်ရည်က စပ်ဖြည်းဖြည်းအပြုံးလေးနဲ့ မောင့်ကို ပြန်ပြောလိုက်သည်။
“ကဲ သားသားနဲ့မီးမီး”
“သွားကစားတော့လေ”
“ဟုတ်ကဲ့ပါ ဖေဖေနဲ့မေမေ”
သားနဲ့သမီး ထွက်သွားပြီး သူတို့လေးတွေကိုကြည့်ရင်း မောင်နဲ့ဝတ်ရည် နှုတ်ဖျားလေးတွေက ရေရွတ်မိကြသည်၊ မောင်က
“မေကြီးရေ…..တို့တွေလည်း အသက်တွေကြီးလာကြပြီနော်”
“အင်း….ဟုတ်တယ်နော် ဖေကြီး”
“နောင်တစ်ချိန်မှာ သူတို့လေးတွေက တို့ဘ၀ရဲ့ အနာဂတ်ကြယ်ပွင့်လေးတွေပေါ့”
“နောက်ဆုံးတော့လည်း အချိန်တန်ရင် တို့အဘိုးကြီးအဘွားကြီးနှစ်ယောက်တည်းပေါ့”
သားနဲ့သမီးကို ကြည့်ပြီး မောင်နဲ့ဝတ်ရည်တို့နှစ်ယောက် အပြုံးကိုယ်စီဖြင့် ဟိုး….ညမှာပြည့်ဝန်းနေတဲ့ လမင်းကြီးကို နှစ်ယောက်အတူငေးကြည့်ရင်းဖြင့် အနာဂတ်ရဲ့စိတ်ကူးတွေကို စိတ်တိုင်းကျ ပုံဖော်နေလို့သာပေါ့……..

“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: