Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အမှတ်တရနေ့”

“အမှတ်တရနေ့”
ဇန်န၀ါရီလ(၂၃)ရက်ဆိုတဲ့ သက္ကရာဇ်ရက်စွဲလေးကိုမြင်လိုက်တာနဲ့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့စွဲလေးဆိုတာ ကျွန်မသိနေခဲ့သည်၊ဒီနေ့ရက်လေးဟာ ကျွန်မတို့နှစ်ဦးရဲ့ အမှတ်တရနေ့ရက်လေးတစ်ရက်၊ အခြားသူတွေက ဖေဖော်ဝါရီ(၁၄)ရက်နေ့ဟာ “ချစ်သူများနေ့”လို့ ဆိုကြတယ်လေ၊ ကျွန်မနဲ့ ချစ်သူကောင်လေးအတွက်ကတော့ အများကသတ်မှတ်ထားတဲ့ “ချစ်သူများနေ့”ဆိုတဲ့ ရက်ကလေးဟာ အထူးအဆန်းဖြစ်မနေခဲ့သလို ရင်ခုန်စရာလည်းမကောင်းခဲတဲ့ နေ့ရက်တစ်ခုလို့ ထင်နေခဲ့ကြပါတယ်၊
ကျွန်မတို့နှစ်ဦးရဲ့ ဝေးကွာခြင်းတွေဟာ  စွယ်တော်ရွက်တွေလို ပွင့်ဖတ်လွှာတစ်လွှာစီ ရှိနေခဲ့ကြပေမယ့် ရင်ခုန်သံတစ်စုံကတော့ အချိန်နာရီစက္ကန့်နဲ့အမျှ ထပ်တူရှိနေခဲ့ကြတယ်နော်။
ကျွန်မတို့နှစ်ဦးရဲ့ ဆုံတွေ့ချိန်တွေက တိုတောင်းနေပေမယ့် ရင်ခုန်သံကဖြစ်တည်လာခဲ့တဲ့ မေတ္တာတွေ၊ အချစ်တွေကတော့ မဟောင်းနွမ်းသေးပဲ ပိုလို့သာခိုင်မြဲလာခဲ့ပြီဆိုတာ ကျွန်မရဲ့ချစ်သူကောင်လေး သတိထားမိ ပါလေစနော်၊ ချစ်သူကောင်လေးနဲ့ ဆုံတွေ့ရဖို့ အချိန်ကာလတွေအဝေးကြီးကနေ မျှော်လင့်ခဲ့ရတယ်… ဆုံတွေ့ခွင့်ရတော့မယ်ဆိုတဲ့အသိတွေက ကျွန်မအတွက် အတိုင်းမသိ ပျော်ရွှင်နေခဲ့ရတယ်…ချစ်သူ ကောင်လေး မှတ်မိနေအုံးမလား။
“ဒီနေ့..မင်းလာမယ်ဆိုလို့ ကိုအရမ်းပျော်နေပါတယ်…စိတ်တွေလည်းပူတယ်ကွာ”
ကျွန်မတို့နှစ်ဦးဆုံတွေ့စဉ်က ရုပ်ရှင်ဇာတ်ကားထဲက မင်းသားလေးနဲ့မင်းသမီးလေး တွေ့ဆုံရတယ် ထင်နေရ သလိုပါပဲ.. တစ်ယောက်နဲ့တစ်ယောက် သူစိမ်းဆိုတဲ့ စိတ်သဘောထားတွေမရှိခဲ့ကြဘဲ သွေးသားအရင်းတွေလို အချစ်တွေပိုလို့ နက်ရှိုင်းခဲကြတယ်နော်၊ အတိတ်ရဲ့နေ့ရက်လေးတွေဟာ ကျွန်မတို့နှစ်ဦးအတွက်တော့ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တော့မယ့် “အမှတ်တရ”နေ့ရက်လေးတွေပါပဲ။
“ရှင်…ကျွန်မရဲ့ချစ်သူမဟုတ်လားဟင်”
ကျွန်မတို့နှစ်ဦးအတွက် အဲ့ဒီနေ့လေးဟာ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်သွားခဲ့ကြတယ်
“မင်းနဲ့ကိုယ် မနက်စာအတူစားကြရအောင်နော်…”
မတ်လ(၂၃)ရက်နေ့မှာ ပြန်လည်ဆုံတွေ့ခဲ့ကြတယ်….မွေးနေ့လေးတွေအတူတူပဲဖြစ်ခဲ့ကြတာမို့ ချစ်သူ ကောင်လေးလည်း အတိုင်းမသိပျော်ရွှင်ခဲ့ရတယ်…မနက်စာကို အတူတူစားခဲ့ကြလို့…ဘုရားကြီးကိုလည်း အတူတူသွားခဲ့ကြတယ်နော်…။
“ဒီနေ့ပြန်ဆုံတဲ့နေ့ဟာ…ရှင်နဲ့ကျွန်မရဲ့ မွေးနေ့နော်…”
ကျွန်မတို့နှစ်ဦး မနက်စာ စားသောက်ပြီးတဲ့အချိန်မှာတော့ ကြင်ကြင်နာနာနဲ့ ချစ်သူကောင်လေး ကမ်းပေး လိုက်တဲ့ တစ်ရှုးစက္ကူအဖြူရောင်လေးက အမှတ်တရပါပဲ…အများသူငါတွေ စားသောက်နေကြတဲ့ ပန်းကန်လေး တစ်လုံးကို စက္ကူအဖြူရောင်လေးနဲ့ အသေအချာပွတ်တိုက်ပြီး သန့်စင်တဲ့ရေအေးတစ်ခွက်ကို ကျွန်မ သောက်ခဲ့ရတယ်လေ….ချစ်သူကောင်လေးရဲ့နွေးထွေးမှုတွေအတွက်လည်း ကျွန်မက ကျေးဇူးတင်လို့မဆုံး နိုင်တော့ပါဘူး။
“စားပြီးပြီဆိုတော့ ကိုယ်တို့ ဘုရားကိုသွားကြတာပေါ့”
တေးသံရှင်တစ်ဦးသီဆိုထားတဲ့ နေပူထဲလည်းလျှောက်ရဲပါတယ်ဆိုတဲ့ စာသားလေးက ကျွန်မနဲ့ချစ်သူ ကောင်လေးတို့ သဘောကျရုံမဟုတ်ဘဲ သီချင်းလေးနဲ့ထပ်တူညီစွာ တူနှစ်ကိုယ်ယှဉ်ကာတွဲပြီး နွေဦးရာသီရဲ့ အပူပြင်းဆုံးနေ့ရက်တစ်နေ့မှာ မြတ်ဘုရားရှင်ကို ဖူးမြော်ခဲ့ကြသေးတယ်နော်…။
ဘုရားကြီးကိုရောက်ဖို့ ကျွန်မနဲ့ချစ်သူကောင်လေး ဘတ်စ်ကားအတူတူစီးခဲ့ကြတဲ့အချိန်လေးကတော့ ရင်ခုန်စရာအကောင်းဆုံးပါပဲ…ကားပေါ်ကိုအတက်…လမ်းဖြတ်ကူးချိန်မှာတော့..
“မင်း ဖြည်းဖြည်းကူးနော်…ကားတွေက အရမ်းရှုတ်တယ်…လာလာ”
အမှတ်တရနေ့တွေထဲက တစ်ရက်က ကျွန်မတို့နှစ်ဦးရဲ့ဆုံတွေ့ချိန်လေးဘဲနော်…တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ဖို့ မ၀ံ့မရဲဖြစ်နေကြပေမယ့်..မသိမသာနဲ့ဆိုသလို တိတ်တခိုးအကြည့်တွေက တစေ့ တစောင်းလေးကြည့်ခဲ့ကြတယ်ဆိုရင် ၀န်ခံမယ်မဟုတ်လား ချစ်သူကောင်လေးရယ်….။
“မင်းနဲ့ကိုယ် ဘေးချင်းအတူယှဉ်မထိုင်ဘူးနော်”
“အဲ့ဒီလို ပြောခဲ့တဲ့စကားလေးတစ်ခွန်းကို ချစ်သူကောင်လေး မှတ်မိနေအုံးမလားဟင်…”
ချစ်သူကောင်လေးနဲ့ အနီးဆုံး ဆုံတွေ့ရချိန်မှာ အရာရာဟာ ပိုပြီးထပ်တူကျနေခဲ့ပါလားဆိုတာ သိလိုက်ရလို့ ကျွန်မ ပိုလို့ချစ်ခဲ့ရပြန်တာပေါ့…။
နွေလေနုအေးအေးလေးတိုက်ခတ်နေချိန်မှာ ချစ်သူကောင်လေးက သူဖွဲ့ဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုပြပေးခဲ့တယ်…ကျွန်မက သီချင်းလေးရဲ့စာသားကို အလွတ်မရခဲ့ပေမယ့် ချစ်သူကောင်လေးရဲ့ သီဆိုတဲ့ သံစဉ်တွေကိုတော့ ကျွန်မရဲ့နားထဲမှာစိမ်းမနေတော့ဘဲ အလိုလို သီချင်းလေးကို အလွတ်ရသွားစေခဲ့ပါတယ်… ဒါကလည်း ကျွန်မတို့နှစ်ဦးရဲ့ အချစ်စစ်တွေပါပဲ….။
“ကမ္ဘာကြီးခေတ်မှီသမျှကွယ်xxxအချစ်ညီမျှလို့ မဝေးရတူနှစ်ကိုယ်”
“သီချင်းလေးနာမည်က “သစ္စာနန်းက..ခေတ္တရာပန်း”တဲ့…”
 ပူအိုက်လွန်းတဲ့ နွေရာသီရဲ့တစ်နေ့မှာ လေပြေနုနုလေးတွေက တဖြူးဖြူးနဲ့ဆိုသလို တိုက်ခတ်လာခဲ့တဲ့အချိန် “အရမ်းအေးတာပဲဆိုပြီး”ချစ်သူကောင်လေးပြောခဲ့တယ်နော်
 နှစ်ဦးသားကြည်နူးခဲ့ကြတာတွေက မျက်ဝန်းထဲမှာ ပုံရိပ်တွေလို ထင်ကျန်နေခဲ့ပြီ၊ အဲ့ဒီအချိန်…မသိမသာနဲ့ ချစ်သူကောင်လေးက အိတ်ထဲကနေဆွဲထုတ်လိုက်ပြီး အခွံလေးနွှာ၊ ခွံ့ကျွေးခဲ့တဲ့ သကြားလုံးလေးတစ်လုံးက ကျွန်မရဲ့ ရင်ထဲမှာ ပျော်စရာတွေထက်ပိုပိုပြီး ပျော်ခဲ့ရပြန်ပါတော့တယ်…။
အဲ့ဒီနေ့ရဲ့ အမှတ်တရနေ့လေးတစ်နေ့ဟာ ကျွန်မနဲ့ချစ်သူကောင်လေး အဖန်တလဲလဲ ပြောလို့မ၀၊ အပ်ကြောင်း တွေထပ်ခဲ့ရတဲ့ ကမ္ဘာတည်သရွေ့မပြောင်းလဲနိုင်တော့မယ့် အချစ်စစ်တွေဖြစ်ခဲ့ရပြန်ပါပြီ်…..၊ ကျွန်မတို့နှစ်ဦး အဝေးဆုံးမှာ ရှိနေခဲ့ကြပေမယ့် စိတ်ကူးတွေထပ်တူကျခဲ့လို့ အနီးဆုံးသောရင်ခုန်သံအချစ်စစ်တွေက ဘယ်တော့မှ ဝေးမသွားနိုင်တော့ပါဘူး….။
“ရှင်..ပျော်တယ်မဟုတ်လားဟင်..”
“အင်း…မင်းလည်းပျော်တယ်မို့လား”
“အင်း…”
ကျွန်မတို့နှစ်ဦးရဲ့ အတူရှိခဲ့ဘူးတဲ့နေ့ရက်လေးဟာ ကောင်းကင်မှာ ကြယ်တွေလင်းလက်လို့၊ လမင်းကြီးက လည်း သာလို့ပေါ့၊ လောကရဲ့အလှတရားတွေနဲ့ထပ်တူ ဖြူစင်စွာချစ်ခဲ့ကြတဲ့ ကျွန်မတို့နှစ်ဦးရဲ့ ရင်တွင်းစိတ်မှာ နောင်တစ်ဖန် ဘုရားကြီးမှာဆုံတွေ့ခွင့်ရလို့ ဘာဆုတွေတောင်းကြအုံးမလဲဆိုရင်…
“တသက်စာမခွဲဘဲ…တွဲလက်တွေခိုင်မြဲစွာနဲ့ ဖြူစင်သောအချစ်စစ်တွေနဲ့ ဆုံတွေ့ခွင့်ရပါလို၏”ဆိုတဲ့ဆုလေးကို ကျွန်မရောချစ်သူကောင်လေးပါ လိုချင်ခဲ့ကြမှာပါ…အနေတွေဘယ်လောက်ပဲဝေးဝေး အိပ်မက်မဟုတ်တဲ့ ဆုံတွေ့မှုလေးဟာ ကျွန်မနဲ့ချစ်သူကောင်လေးရဲ့ “အမှတ်တရ”နေ့လေးအဖြစ် ထာဝရကမ္ဗည်းတင်ထားခဲ့ပါ ပြီ…။

နေခြည်သစ်နွယ်(ပြည်)

No comments: