Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ဒီသင်္ကြန်မှာ မလွမ်းရတော့ဘူးပေါ့နော်”

ရန်ကုန်-ပြည်ကားလမ်းမကြီးဟာဖြင့်… ပြည်မြို့ရဲ့ဂုဏ်ကျက်သရေကို…. အလှဆုံးဖြစ်စေသည်….အရှေ့ဘက်ကမ်းမှာ….. ညှို့မှိုင်းမှိုင်းဖြစ်နေပြီး….. လွမ်းမောစရာကောင်းလှတဲ့ မင်းကြီးတောင်ခြေရဲ့အလှနဲ့ …..အနောက်ဘက်ကမ်းမှာ…. ၀ိုးတ၀ါးလှမ်းမြင်နေရတဲ့ တန့်ကြည့်တောင်တန်းဟာဖြင့်…. စိမ်းလန်းလို့ဝေဖြာ….. ရှုငေးလို့မဆုံးနိုင်တော့ပါ…. တသွင်သွင်စီးဆင်းနေတဲ့  မြစ်ဧရာဝတီကတော့ ကြည့်လို့ပင်မဆုံးနိုင်တော့….. ဆောင်းဟေမာန်ရဲ့ ရာသီအကူးအပြောင်းဖြစ်တဲ့….. ဂိမာန် နွေဦးကာလကိုတောင် ရောက်တော့မှာပါလား….. တစ်နှစ်တစ်ခါပွင့်လာတော့မယ့် ပေါက်ပွင့်အနီရောင်လေးတွေရယ်….. ဖူးငုံအာပွင့်လန်းနေကြမယ့် ….လက်ပံပွင့်တွေရယ်ဟာ လူသားတွေရဲ့စိတ်ကို တစ်နေရာရာစီကို
လွင့်ပြယ်စေပါတယ်….နွေဦးကာလကို ရောက်ပြီဆို…… မြန်မာတို့ရဲ့ နှစ်ဟောင်းကအညစ်အကြေးတွေကို …..ဧပရယ်အတာသင်္ကြန်ကာလမှာ ဆေးကြောကြသည်မဟုတ်ပါလား……သင်္ကြန်မတိုင်ခင် ဖူးပွင့်လာကြတဲ့…. ရွှေဝါရောင်ငုပန်းလေးတွေ…. ဟိုး….ပင်မြင့်ယံမှာ…. ဝေေ၀ဆာဆာဖူးပွင့်နေကြတဲ့ ပိတောက်ဝါပန်းလေးတွေကတော့…..၀တ်မှုံရဲ့စိတ်တွေကို တချိန်တခါက ကြည်နူးခဲ့တဲ့……အတိတ်ကာလတွေစီသို့ ခေါ်ယူဆောင်ကြဉ်းလို့ပေးခဲ့ပြန်ပြီပေါ့……။
“ဟေ့… ၀တ်မှုံ …..ထတော့လေဟာ…. နင်အိတ်ပုတ်ကြီးတယ် အရမ်းပဲနော်”
“အင်း….ဟင်း….ဟင်း…. တွယ်တာ….ဘယ်နှစ်နာရီရှိသေးလို့လည်းဟာ….”
“အမလေး …နာရီလည်းကြည့်ပါအုံးနော်….. ၈နာရီထိုးနေပြီဟ..အကတိုက်ချိန်နီးနေပြီလေ…”
ဝတ်မှုံ အိပ်ချင်မူးတူးဖြင့် ထလာခဲ့သည်။
“ဖေဖေနဲ့မေမေ…. ၀တ်မှုံနိုးလာပါပြီရှင့်….”
“မင်္ဂလာပါ ဖေဖေနဲ့ မေမေ”
“မင်္ဂလာပါ သမီးလေးရယ်….”
“မေတို့သမီးလေးကတော့လေ တွယ်တာက နေ့တိုင်းလာနှိုးနေရတယ်…ဟုတ်လား”
“ဟင်…မေကြီးနဲ့ ဖေကြီးကလည်းလေ ၀တ်မှုံလေးက နိုးပါတယ်နော်…..ဟီးဟီး….တွယ်တာ့ကို စချင်လို့ တမင်အိပ်ချင်ယောင်ဆောင်နေတာပါ…..ဟုတ်တယ်မလား တွယ်တာ…..”
ဝတ်မှုံက တွယ်တာ့ကို မျက်စပစ်ပြလိုက်သည်။
“ဟုတ်ပါတယ်…. ဒေါ်ဒေါ်ရယ်….ကျွန်တော်တောင်မနှိုးလိုက်ရဘူး…..၀တ်မှုံက နိုးနေပြီလေ”
ဝတ်မှုံနဲ့တွယ်တာက….ငယ်သူချင်းတွေမဟုတ်ကြပေမယ့်…..ငယ်သူငယ်ချင်းတွေထက်ပင် သံယောဇဉ်တွေရှိကြသူများပင်….၀တ်မှုံဖေဖေနဲ့ တွယ်တာ့ဖေဖေတို့ကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာ(မြို့ပြ)ရုံးတွင် (SAE)ရာထူးများဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြ သည်၊ ၀တ်မှုံဖေဖေကတော့ စီနီယာဖြစ်ပြီး တွယ်တာ့ ဖေဖေကတော့ ပြင်ဦးလွင် ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးမှ ပြောင်းလာပြီး တာဝန်ထမ်းဆောင်နေသူ ဂျူနီယာတစ်ဦးပေါ့……၀တ်မှုံဖေဖေနာမည်က ဦးနေဇော်၊ မေမေ့နာမည်က ဒေါ်ချယ်ရီ၊ တွယ်တာ့ ဖေဖေနာမည်ကတော့ ဦးထွဋ်မင်းနောင်၊ မေမေ့နာမည်ကတော့ ဒေါ်သူဇာခင်ဖြစ်ပါတယ်…..တွယ်တာတို့ကတော့ ၀တ်မှုံတို့ဖေဖေ တာဝန်ထမ်းဆောင်တဲ့ ဆောက်လုပ်ရေးရုံးကို ၁၉၉၈ခုနှစ်လောက်မှ ပြောင်းရွှေ့လာတာပေါ့……ရာထူးချင်းတူနေတဲ့ ၀တ်မှုံဖေဖေနဲ့ တွယ်တာ့တို့ဖေဖေက လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြသလို သူငယ်ချင်းတွေလိုလည်း ရင်းရင်းနှီးနှီးနေကြသူတွေမို့ ၀တ်မှုံနဲ့တွယ်တာတို့နှစ်ဦးမှာလည်း အရင်းနှီးဆုံးသူငယ်ချင်းများပင်ဖြစ်ခဲ့ကြသည်။
ဝတ်မှုံနဲ့တွယ်တာတို့က ခုနှစ်ဆို ကွန်ပျူတာကောလိပ်ကို အတူတက်ကြရတော့မယ့်သူတွေဖြစ်လာပြီပေါ့ ကျောင်းတွေမဖွင့်ခင် စာမေးပွဲဖြေပြီး ကျောင်း (၂)လပိတ်ထားချိန်လေးဖြစ်သည်။
“ကဲ….သမီး ၀တ်မှုံ မြန်မြန်စား ဟိုမှာ တွယ်တာစောင့်နေရတာ အားနာဖို့ကောင်းနေပြီ”
“ဟင်…..မေကြီးတို့ကလည်း ပြီးပါပြီ”
“ဖေကြီးနဲ့မေကြီးရေ တာ့တာ….အာဘွားနော်….တာ့တာ”
ဝတ်မှုံက တစ်ဦးတည်းသောသမီးလေးဖြစ်ခဲ့တာမို့ နွဲ့ဆိုးဆိုသလို ဆိုးနွဲ့တတ်တဲ့အမူအယာပင် မိဘများကို ကလေးတစ်ယောက်လိုပင် ချွဲ့နွဲ့စွာ ပြောတတ်သူလေးပင်မဟုတ်ပါလား။
“အန်တီ…ကျွန်တော်တို့ သွားတော့မယ်နော်”
“အေးအေး….သားလေး”
ဝတ်မှုံတို့နှစ်ယောက် ရုံးမှ ထုတ်ပေးထားသော ဂျစ်ကားအစိမ်းရောင်လေးပေါ်သို့တက်လိုက်ကြပြီး ကားဆရာမောင်းတဲ့အတိုင်း ဆောက်လုပ်ရေးအရာရှိရိပ်သာသို့ ထွက်လာခဲ့ကြသည်….အရာရှိရိပ်သာတွင် ဆောက်လုပ်ရေးဝန်ထမ်းများ၏ သားသမီးတွေက ၀တ်မှုံနှင့် တွယ်တာ့ကို အခန်းဝမှ စောင့်ကြိုနေကြသည်။
“မင်္ဂလာပါ မမ၀တ်မှုံ”
“မင်္ဂလာပါ ညီမလေးတို့ရေ”
“မမ၀တ်မှုံ ….ဒီနေ့ သိပ်လှတာပဲနော်……”
“ဟုတ်လား”
“မမြှောက်ပါနဲ့နော် ညီမလေးတို့ကို ဒီနေ့ အကတိုက်ပြီးရင် မုန့်လိုက်ကျွေးပါ့မယ်……တကယ်လားဟင်”
“တကယ်ပေါ့….ဟုတ်တယ်မလားတွယ်တာ”
တွယ်တာက အော်ဂင်လေးနားကနေ ၀တ်မှုံကို စိုက်ကြည့်နေရင်း….
“အင်း….ဟင်း…..ဟုတ်တာပေါ့“
တွယ်တာ့စိတ်ထဲက ရေရွတ်နေလိုက်မိသည်…..၀တ်မှုံရယ် နင် ဒီနေ့ သိပ်လှတာပဲနော်…..
အသက်အရွယ်လေးက ၁၆နှစ်ကျော်ရုံပင် ၀တ်မှုံရဲ့ ပျိုရွယ်ဖော်အလှ….အသားလေးဝင်းဝါပြီး စကားလေးများပြောလိုက်ရင် နှုတ်ခမ်းလေးစူပြီး ပြောတတ်တဲ့ ၀တ်မှုံရဲ့ နီမြန်းနေတဲ့ နှုတ်ခမ်းတစ်စုံ….နမ်းချင်စရာကောင်းလောက်တဲ့….ဖောင်းဖောင်းအိအိဖြစ်နေတဲ့ ပါးပြင်လေးနှစ်ဖက်….ရယ်လိုက်တိုင်း ပေါ်လွင်နေတဲ့ ပါးချိုင့်လေးတစ်ခုရယ်…..ရှည်လျားပြီး နက်မှောင်နေတဲ့ ကျက်သရေရှိလှတဲ့ ဆံနွယ်တွေကိုပိုင်ဆိုင်ထားသူလေးဖြစ်သည်။
“ဟေ့ တွယ်တာ ဘာတွေစဉ်းစားနေတာလဲဟ“
ဝတ်မှုံလက်ကလေးနဲ့ လှန့်နှိုးလိုက်တော့မှ တွယ်တာရဲ့ အတွေးဆတို့ ရပ်တန့်သွားသည်။
“ကဲ ဆရာကြီးရေ…ဒီနေ့ ၀တ်မှုံတို့အကတိုက်ရမယ့် သီချင်းလေးနာမည်က သင်္ကြန်ဝိညာဉ်သီချင်းနော်….”
“ဆရာကြီး ကောင်းကောင်းတီးနော်”
“အေးပါ ၀တ်မှုံရယ်….နင်ကလည်း ကောင်းကောင်းကနော်”
ဝတ်မှုံတို့ရဲ့ ဆောက်လုပ်ရေးရုံးမှာ နှစ်စဉ်အမြဲဆိုသလို အတာသင်္ကြန်ကာလမနီးခင် (၂)လအလိုတွင်ပင် ယိမ်းအကများ တိုက်ကြရသည်ပင်….သင်္ကြန်ကာလရောက်လျှင် လူကြီးများအား ကပြဖျော်ဖြေရန်နှင့် ပြိုင်ပွဲဝင်ရန်အတွက် ကျင်းပခြင်းပင်ဖြစ်သည်။
တွယ်တာကတော့ အော်ဂင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးတတ်သလို ၀တ်မှုံကတော့ အကမှာ အတော်ဆုံးဆုကိုပင် ရရှိထားသူလေးပင်။
“ကဲ….စမယ်နော်….1 , 2 , 3”
“အသံ….အသံလေးတွေ ၀ိုးတ၀ါး နားထဲကြားနေမလား….သင်္ကြန်….သင်္ကြန်ဝိညာဉ် နိုးထဖြိုးကြွ ကိုယ့်ရင်မှာ….အသံ….အသံလေးတွေ ညှင်းသွဲ့….တန်ခူးလေဆောင်ကြဉ်းအလာ…..အို…..သင်္ကြန်ဝိညာဉ် ကြိုဆိုနေပြီလား…..xxx ”
သင်္ကြန်ဝိညာဉ်သီချင်းလေးနဲ့အတူ ဆိုတီးပေးနေတဲ့ တွယ်တာနဲ့အတူ အကဘုရင်မလေး ၀တ်မှုံတို့ယိမ်းအဖွဲ့မှ ညီညာစွာ သံပြိုင်ကခုန်နေကြသည်သာ….၀တ်မှုံတို့ ယိမ်းအဖွဲ့ ကလို့အပြီးမှာတော့ တွယ်တာက….
“၀တ်မှုံအတွက် ရေအေးအေးလေးတစ်ခွက်”….ဟုဆိုပြီး
“၀တ်မှုံရယ်….နင် ဒီနေ့ ကတာ သိပ်လှတာပဲနော်….နင်ဝတ်တဲ့ ဂါဝန်ဖားဖားလေးထဲမှာ လွင့်ပျံနေတဲ့ မင်းသမီးလေးအလားပဲ ….သိလား”
“တွယ်တာရယ် နင်လည်း ရေသောက်လိုက်ပါအုံးနော်….ပြီးမှဆက်ပြော….”
“အေးပါဟာ….ငါက လှလို့လှတယ်ပြောတာကို နင်ကလည်း…..”
ရှက်သွေးတွေဖြာပြီး ၀တ်မှုံတစ်ယောက် ခေါင်းလေးငုံ့သွားသည်ပင်။
“အင်း….ဘာလိုလိုနဲ့ သင်္ကြန်ရောက်ဖို့(၁၀)ရက်ပဲလိုတော့တယ်နော် ၀တ်မှုံ”
“ဟုတ်တယ် တွယ်တာ”
“၀တ်မှုံတို့ …ယိမ်းအကပြိုင်ပွဲမှာ ပထမရအောင် ကရမယ်….”
“၀တ်မှုံ…..ဘာလဲတွယ်တာ”
“သင်္ကြန်အကြိုနေ့မှာ ဖွင့်ပွဲဆိုတော့ အဲဒီနေ့ညမှာ နင်နဲ့အတူကဖို့ နင့်အတွက် ငါ သီိချင်းတစ်ပုဒ် ရေးထားတယ်….”
“ဟင်….ဟုတ်လားတွယ်တာ”
“ငါက ဆိုမယ်လေ……နင်နဲ့ငါနဲ့ အမှတ်တရညလေးပေါ့ဟာ…”
“အမယ်….တွယ်တာ….နင် အရင်ကလိုမဟုတ်တော့ဘူးနော်….ကဗျာတွေ တယ်ဆန်နေပါလား”
“အေး….ဟုတ်တယ် ၀တ်မှုံ”
“သင်္ကြန်ပြီးရင် ငါတို့နှစ်ယောက် ကျောင်းတက်ရတော့မယ်လေ”
“အင်း…ဟုတ်တယ်နော်….သင်္ကြန်ကို ခွဲရပြန်အုံးတော့မယ်နော်…..လွမ်းရပြန်အုံးတော့မယ်နော်”
“ကဲပါဟာ….ဒါတွေ မေ့ထားလိုက်ပါ….ငါတို့ ခုသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆင်နွှဲလိုက်ကြတာပေါ့နော်….”
“အေးပါဟာ”
“ကဲ…ပြော ငါ့အတွက် ရေးထားတဲ့သီချင်းလေးက…”
“သီချင်းခေါင်းစဉ်နာမည်လေးက “နွေမ”တဲ့ဟ”
“ဟယ်…လှလိုက်တာနော်….စာသားလေးကရော…”
“စာသားလေးကတော့ အဲဒီနေ့ညမတိုင်ခင်မှာ နင့်ကိုငါ ပေးမယ်လေ….ဟုတ်ပြီလား”
“အယ်….ဟင်း…..နင်ကလည်း အချင်းချင်းတွေကို ”
ဒီလိုနဲ့ ၀တ်မှုံတို့မျှော်လင့်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ကို ရောက်လာခဲ့ပြီပေါ့။
ဝတ်မှုံဖေဖေနဲ့မေမေ၊ တွယ်တာတို့ဖေဖေနဲ့မေမေတို့ကတော့ အစောကြီးဆိုသလိုပင် မဏ္ဍပ်တွင် နေရာယူနေကြပြီ….ညွှန်ကြားရေးမှူးမလာခင် ဧည့်ခံပေးနေကြသည်…. ၀တ်မှုံတို့ကတော့ အလှပြင်နေဆဲပင် အခြားအရာရှိများနှင့်တကွ ဖိတ်ကြားထားသော လူကြီးမင်းများလည်း ရောက်ရှိနှင့်နေကြပြီ……၀တ်မှုံ ရင်တွေခုန်နေသည်….ပြိုင်ပွဲအတွက် စင်မြင့်အောက်တွင် နေရာယူကြသည်….၀တ်မှုံတို့ယိမ်းအဖွဲ့နာမည်က “နွေဦးကဗျာ”တဲ့…၀တ်မှုံတို့ရဲ့ တူညီဝတ်စုံလေးကတော့ ဂါဝန်ဖားဖားအဖြူရောင်ခံလေးကို အပြာရောင်အစင်းလေးနဲ့ဖောက်ထားသည်မို့ လှလွန်းနေသည်….သင်္ကြန်ဆွဲကြိုးလေးကလည်း အပြာရောင်ရွှေဆွဲကြိုးလေးဖြစ်သည်။
“သမီးလေး ၀တ်မှုံ….ရှင့်”
တွယ်တာ့မေမေနှင့်ဖေဖေက ခေါ်လိုက်သည်မို့….
“ဒီနေ့ ငါ့သမီးလေး အရမ်းလှတယ်ကွယ်”
“ဟုတ်ကဲ့ပါ အန်တီ….ကျေးဇူးတင်ပါတယ်”
“၀တ်မှုံတို့ယိမ်းအဖွဲ့ ပထမဆုရရှိပါစေနော်”
“ဟုတ်ကဲ့ပါ အန်တီ…ပေးတဲ့ဆုနဲ့ပြည့်ရပါစေအန်တီ….”
”မကြာမီအချိန်အတွင်းမှာ အခမ်းအနားကို ဖွင့်လှစ်တော့မှာမို့ ဆောက်လုပ်ရေးဝန်ထမ်းအရာရှိများနှင့်တကွ ယိမ်းအဖွဲ့များအားလုံး နေရာယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်…..”
ဟော….စင်မြင့်ပေါ်မှ Announcerတစ်ဦးမှ ပြောနေသည်။
“အခမ်းအနားအစီအစဉ်အရ အခမ်းအနားကို ဖွင့်လှစ်ပေးပါရန် ညွှန်ကြားရေးမှူးချုပ်အား စင်မြင့်ပေါ်သို့ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင်…..”
“ဖြောင်း…..ဖြောင်း…..ဖြောင်း…….ဖြောင်း….ဖြောင်း….”
“အခမ်းအနားအစီအစဉ်အရ အခမ်းအနားကို “မန်းတောင်ရိပ်ခို”သီချင်းလေးဖြင့် ဖွင့်လှစ်ပါကြောင်း… ကြေညာအပ်ပါတယ်ရှင်…..”
“ဖြောင်း….ဖြောင်း….ဖြောင်း…ဖြောင်း….ဖြောင်း….”

လက်ခုပ်သြဘာသံတွေနဲ့အတူ…မန်းတောင်ရိပ်ခိုသီချင်းသံလေးနဲ့ပင် ယိမ်းအဖွဲ့များအားလုံး ညီညာစွာ ကပြဖျော်ဖြေနေကြသည်တွင် စင်မြင့်အောက်တွင်လည်း ညွှန်ကြားရေးမှူးနှင့်တကွ ဆောက်လုပ်ရေး ၀န်ထမ်းအရာရှိ၊ဇနီးများအားလုံး ပျော်မြူးနေကြပြီး ငွေဖလားထဲမှ သင်္ကြန်ရေအေးအေးလေးကို သပြေခက်နှင့် ညင်သာစွာ ပက်ဖျန်းနေကြသည်…… ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျော်ဖြေနေကြသည်…. နောက်ဆုံး ပွဲသိမ်းကာနီးအချိန်တွင်တော့….
“ယခုတဖန် ဆက်လက်ယှဉ်ပြိုင်ရမယ့် ယိမ်းအဖွဲ့ကတော့ “နွေဦးကဗျာ”ယိမ်းအဖွဲ့ပဲ ဖြစ်ပါတယ်ရှင်…..ဆက်လက်ရှုစားအားပေးတော်မူကြပါအုံးရှင်…”
ဝတ်မှုံတို့အလှည့်ပါလား….တွယ်တာ စင်မြင့်ထက်မှ ၀တ်မှုံကို ငေးကြည့်နေမိသည်…. တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်ပြီး အချက်ပေးကြသည်။
“ကြွရောက်လာကြသော ညွှန်ကြားရေးမှူးနှင့်တကွ ဇနီး၊ ၀န်ထမ်းအရာရှိများနှင့်ဇနီး၊သားသမီးများအားလုံးနှင့်၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်လူကြီးမင်းများအားလုံးကို မင်္ဂလာနှစ်သစ်ပါလို့…..၀တ်မှုံတို့ “နွေဦးကဗျာ” ယိမ်းအဖွဲ့မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်….”
“သမီးတို့ ကပြယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်သီချင်းလေးကတော့ “ရွှင်လန်းချမ်းမြေ့ပါစေရှင်”သီချင်းလေးနဲ့ပါရှင်”
“အားပေးရှုစားတော်မူကြပါအုံးရှင်…”
“သင်္ကြန်တွင်းမို့ ပန်းပိတောက်ဝေလွင်….မြန်မာ့ယဉ်ကျေးမှု အတာရေသဘင်….တစ်ဦးပေါ်တစ်ဦးတွင်…. ရင်းနှီးကာကျွမ်းဝင်…..ပုလဲရေငွေစင် သွန်းလောင်းကာပင်….အတီးအမှုတ်အကအခုန် ညိမ့်ငြောင်းလို့ပင်…. ဒီနှစ်သစ်တွင်…. ကြည်လင်…..ရွှင်လန်းချမ်းမြေ့ပါစေရှင်…….xxx   xxx”
စင်မြင့်အောက်မှ ၀တ်မှုံနှင့်တွယ်တာ့ ဖေဖေနဲ့မေမေတို့မှာလည်း တီးတိုးစကားများ ပြောဆိုနေကြသည်ပင်… လူကြီးမင်းများနှင့် ဧည့်သည်တော်များမှလည်း အကဲခတ်နေကြသည်…ဒီလိုနဲ့ မနက်ပိုင်းအခမ်းအနားပြီးဆုံးလို့ ညပိုင်းဖျော်ဖြေပွဲအစီအစဉ်အရ တွယ်တာနှင့်ဝတ်မှုံတို့က ညွှန်ကြားရေးမှူးမှ ဖိတ်ခေါ်ထားသည်ဖြစ်၍ တက်ရောက်ချီးမြှင့်ဧည့်ခံကြရပေအုံးမည်။
“၀တ်မှုံ…”
“ဘာလဲ တွယ်တာရဲ့”
“ရော့…ဒီမှာ နင့်အတွက် သင်္ကြန်ဆွဲကြိုးလေး”
“ဒါက အခု နင်နဲ့ငါနဲ့ဆိုမယ့် သီချင်းလေ”
“နင် ဖတ်ကြည့်အုံးနော်”
မကြာမီအချိန်တွင် တွယ်တာနဲ့ဝတ်မှုံတို့ စင်မြင့်ထက်သို့ နေရာယူလိုက်ကြသည်…. စင်မြင့်သို့ရောက်တဲ့ အချိန်မှာတော့… တွယ်တာက အော်ဂင်တီးပြီး ၀တ်မှုံကတော့ အကမင်းသမီးလေးပေါ့…. မကြာခင်အချိန်လေးမှာပင် တွယ်တာက ၀တ်မှုံအနားသို့ရောက်လာပြီး သင်္ကြန်ဆွဲကြိုးလေးကို ကိုယ်တိုင်ဆင်မြန်းပေးပြီး….ငွေဖလားထဲမှ သင်္ကြန်ရေအေးအေးလေးကို သပြေခက်နဲ့ ပက်ဖြန်းနေတော့သည်…
ဝတ်မှုံရင်ထဲ ဘယ်လိုခံစားလာရသည်မသိ ခံစားနေရသည်….တွယ်တာ…နင့်ရဲ့ အမူအယာတွေ ဘာတွေဖြစ်နေတယ်ဆိုတာ ငါသိနေခဲ့တယ်ဟာ….ဒါပေမယ့်…. နင်နဲ့ငါနဲ့က သူငယ်ချင်းတွေမလား…. အတွေးဆတွေကို ဖြတ်ရင်း…. သီချင်းလေးက စတင်နေပါပြီ….။
“နွေမ”ရဲ့ သီချင်းလေးကို သီဆိုရင်း ၀တ်မှုံရှိရာကိုငေးကြည့်နေသူ တွယ်တာတစ်ယောက်ကတော့ ၀တ်မှုံကို မျက်စပစ်လိုက်ပြန်သည်….၀တ်မှုံ ရင်တွေခုန်လာသည်…ပြုံးသယောင်လေးပြုံးပြီး ဆက်ကာနေခဲ့တော့သည်… စင်အောက်တွင်ရှိသော ဖေဖေနဲ့မေမေတို့ကလည်း လက်ခုပ်သြဘာသံတွေ ဝေနေအောင် အားပေး ခဲ့ကြသည်…။
တရွေ့ရွေ့နဲ့ သင်္ကြန်နောက်ဆုံးရက်လည်းကုန်ဆုံးသွားခဲ့ပြီမို့ …..ကျောင်းကြီးလည်း ပြန်တက်ရတော့မယ်… အဲဒီအချိန်မှာဘဲ….
“အန်တီရေ…အန်တီ…အန်တီ”
“ဟေ့..၀တ်မှုံ သမီးလေး ဘာတွေဖြစ်လာတာလဲ”
“ဟင့်….ဟင့်…အဟင်း…အဟင်း…အီး…ဟီး…”
“ဟဲ့..သမီးလေး ဘာတွေဖြစ်လာတာလဲလို့”
“အန်တီ…အန်တီတို့ ပြောင်းရတော့မယ်ဆို..ဟုတ်လား”
“အေးလေ..သမီးရဲ့…သမီးအန်ကယ် ရာထူးတိုးပါတယ်လေ”
“ဘယ်ကိုလဲ အန်တီရယ်….ရှမ်းပြည်မြောက်ပိုင်းလေ သမီး”
“သားကိုလည်း ဒီနေ့ပဲ ကျောင်းပြောင်းစာရွက်စာတမ်းတွေ လုပ်ခိုင်းထားတယ်လေ”
“ဒါဆိုအဝေးကြီးပဲပေါ့နော်”
“တွယ်တာရော….အန်တီ”
“တွယ်တာ သူ့အခန်းထဲမှာလေ”
အခန်းထဲကို ၀င်ကြည့်စဉ်မှာတော့…တွယ်တာတစ်ယောက် လက်မှိုင်ချပြီး ငူငူကြီးထိုင်နေသည်….၀တ်မှုံ အခန်းထဲဝင်လာပြီး တွယ်တာ့ရဲ့နောက်ကျောကို သိုင်းဖက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်မိသည်….။
“အဟင်း……ဟင်း…..အီး….ဟီး…..”
“နင်မကောင်းဘူး တွယ်တာ…..၀တ်မှုံကို ဘာလို့ကြိုပြီး သိခွင့်မပေးတာလဲလို့..”
“မငိုပါနဲ့ဝတ်မှုံရယ်….ငါလည်းပဲ နင်နဲ့ထပ်တူ ခံစားရပါတယ်ဟာ….ဘယ်ခွဲချင်ပါ့မလဲ…ဒါပေမယ့်လည်း ခွဲရတော့မယ်ဟာ”
“နင် မငိုပါနဲ့တော့ ၀တ်မှုံရယ်….နော်….တိတ်ပါတော့ဟာ”
တွယ်တာက ၀တ်မှုံရဲ့ ပါးပြင်မှစီးကျလာသော မျက်ရည်စက်များကို သူ့လက်ကလေးနှင့် အသာအယာ သုတ်ပေးရင်း….
“၀တ်မှုံ….ဘာလဲဟင် တွယ်တာ….”
ဝတ်မှုံ တွယ်တာ့ထံမှ မျှော်လင့်ထားသော စကားသံများကို ကြားချင်နေမိသည်….သို့သော်  တွယ်တာ့ရဲ့နှုတ်ဖျားမှ ထွက်ကျမလာ….“
“ပြောလေ….တွယ်တာ”
“နင် ငါ့ကို လက်ဆောင်တစ်ခုခုပေးလိုက်ပါလား…”
 “နင် ဘာလိုချင်လဲ….ပြော… တွယ်တာ”
ဝတ်မှုံ အပျော်ကြီးပျော်သလို ရင်ထဲမှာ တမျိုးလေးဖြစ်နေမိသည်…စိတ်ကစားသည်လား…ရင်ခုန်သည်လား မပြောတတ်တော့သည်သာ….
“နင့်ကိုငါ သင်္ကြန်းတုန်းက ဆွဲပေးခဲ့တဲ့ သင်္ကြန်ဆွဲကြိုးလေးလေ…အဲဒါ ငါ့ကို ပြန်ပေးလိုက်ပါနော် ၀တ်မှုံ”
အဟင်း…ဆိုပြီး ၀တ်မှုံတစ်ယောက် သက်ပြင်းရှည်လေးတစ်ချက် ချလိုက်မိတော့သည်…..တွယ်တာရယ် နင့်ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါသိပါတယ်ဟာ….. နင်ရော ငါရော နှစ်ယောက်လုံး မျိုသိပ်ထားခဲ့ကြတယ်နော်….
“အင်းပါဟာ….ငါပေးလိုက်ပါ့မယ်”
“ပြီးတော့ နင် ငါ့ကို စောင့်နေပါ….ငါ တစ်နေ့ကျရင် နင့်စီကို ဒီသင်္ကြန်ဆွဲကြိုးလေးနဲ့အတူ ပြန်လာခဲ့မယ်နော်….၀တ်မှုံ”
“နင် တကယ်ပြောတာလား တွယ်တာ”
“အင်းပေါ့ တကယ်ပြောတာပေါ့”
“ကတိနော်…..ကတိပါ….”
“ဒါဆို ငါပျော်သွားပြီ တွယ်တာ….နင်ပြန်လာမယ့်နေ့ကို ငါစောင့်မျှော်နေပါရစေနော်…”
“အင်းပါဟာ….”
ဒီလိုနဲ့ တရွေ့ရွေ့အချိန်တွေကုန်ဆုံးသွာတာ ခုဆို တွယ်တာတို့ပြောင်းသွာတာ အနှစ်(၂၀)တောင် ရှိခဲ့ပါရောလား….တွယ်တာရယ် နင့်ကို ငါ စောင့်မျှော်ခဲ့တာ အနှစ်(၂၀)တောင်ရှိနေပြီနော်…နင် ဘယ်ရောက် နေပြီလဲဟင်….. အဆက်အသွယ်လေးတောင် မလုပ်ခဲ့ဘူးနော်…. သင်္ကြန်ကိုရောက်ရင် နင့်ကို လွမ်းတယ် ဟာ…..။
ခုဆို ၀တ်မှုံရဲ့အသက်လေးတောင် (၂၀)ကျော်ကို ရောက်လို့နေမှပေါ့….တွယ်တာလည်း ဘာတွေများလုပ်နေပြီလဲနော်….ပြောင်းလဲလို့များ သွားပြီလား တွယ်တာရယ်…..
ဒီနှစ်သင်္ကြန်တောင် ဘာလိုလိုနဲ့ ရောက်ပြန်အုံးတော့မယ်နော်….တွယ်တာရယ်….သင်္ကြန်မှာ ဟိုး…အရင်ကလို နင်မရှိတော့ ၀တ်မှုံ စင်ပေါ်မတက်ချင်တော့ဘူး….သင်္ကြန်အကြိုနေ့ကို ရောက်လာပြန်ပြီ…..ခါတိုင်းနှစ်တွေမှာ တွယ်တာမရှိခဲ့လို့ ၀တ်မှုံစင်ပေါ်မတက်ခဲ့ပေမယ့်….ဒီနှစ်မှာတော့ ဖေဖေမေမေတို့ရဲ့ဆန္ဒတွေကြောင့် ၀တ်မှုံတစ်ယောက် စင်မြင့်ပေါ်သို့ တက်ခဲ့ရပြန်သည်…..
“ခုဆက်လက်ပြီး ဖျော်ဖြေဖို့ အလှည့်ကျသူလေးကတော့ အော်ဂင်အဆိုတော်လေး တွယ်တာနဲ့ အကဘုရင်မလေး ၀တ်မှုံတို့ရဲ့ ဖျော်ဖြေမှုပဲဖြစ်ပါတယ်ရှင်….ရှုစားအားပေးကြပါအုံးနော်….”
ဝတ်မှုံပျော်သွားသည်….တွယ်တာ….တွယ်တာ…..ဟုတ်ပါတယ်နော်….ခုနက တွယ်တာ့ကို ခေါ်လိုက်တာပါ… တွယ်တာ ဘယ်ရောက်နေလဲမသိဘူး….တွယ်တာတစ်ယောက် သင်္ကြန်ဆွဲကြိုးလေးကို ကိုင်လာရင်း ၀တ်မှုံရဲ့ လည်ပင်းလေးကို ဆွဲပေးလိုက်သည်…. ခဏကြာတော့ အတာရေပက်ဖျန်းပြီး…..
“၀တ်မှုံရယ်….နင့်ကို ငါ သိပ်ချစ်တယ်နော်”
“တွယ်တာရယ်….”
“ငါလေ ဒီနေ့လေးကို စောင့်ခဲ့တာ ခုချိန်ထိပါပဲဟယ်….”
စင်မြင့်အောက်မှ ဖေဖေနဲ့မေမေတို့ကလည်း တွယ်တာနဲ့ဝတ်မှုံကိုကြည့်ရင်း…သပြေခက်နဲ့ ချစ်အနမ်းဝေခဲ့ကြ သည်ပေါ့….
“တွယ်တာရယ်….၀တ်မှုံလည်း အရမ်းချစ်ပါတယ်”
“၀တ်မှုံတို့နှစ်ယောက် သင်္ကြန်ရောက်တိုင်း မလွမ်းရတော့ဘူးပေါ့နော်….”
“အင်းပေါ့ ၀တ်မှုံရယ်….”
တွယ်တာနဲ့ဝတ်မှုံတို့ သင်္ကြန်းတေးသံတွေနဲ့အတူ ချစ်အနမ်းတွေဝေခဲ့ကြပြီ…….ဒီတစ်ခါ မလွမ်းတော့ပါဘူး သင်္ကြန်ရယ်…….
“ချစ်တဲ့သူတိုင်း ဒီအတာသင်္ကြန်မှာ မလွမ်းရဘဲ အတူတူပျော်ရွှင်စွာနဲ့ ဆင်နွှဲနိုင်ကြပါစေလို့ ဆုတောင်းရင်း….”

“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: