Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ချစ်သူ့နယ်မြေ”

“ချစ်သူ့နယ်မြေ”

ဒီဇင်ဘာလလေးရဲ့အကုန် နွေဦးရဲ့အစပေါ့ လေပြေနုအေးလေးတွေက ညနေစောင်းရဲ့ နေ၀င်ရီရောအချိန်ဆို တဖြူးဖြူးနဲ့ဆိုသလို တိုက်ခတ်လာတော့ ရွှန်းလဲ့ရဲ့ ရင်မှာ ဘယ်သူ့ကိုလွမ်းလို့ လွမ်းမှန်းမသိအောင်ကို ဖြစ်နေခဲ့ပါတယ် ရွှန်းလဲ့တို့ဆိုင်လေးက တက္ကသိုလ်ကြီးရဲ့ ရှေ့နားဆီမှာဆိုတော့ ကျောင်းသူကျောင်းသားတွေနဲ့အတူ ကျောင်းကြီးရဲ့ အဓိပတိလမ်းမကြီးပေါ်မှာလည်း ဝေ့ကာဝေ့ကာပေါ့ မီးရောင်စုံတွေ ဖြိုးဖြိုးဖြဖြဖြစ်နေတဲ့အချိန်ဆို ကျောင်းကြီးကနေ ခွဲခွာကြရမှာမို့ ချစ်သူအတွဲတွေ ကိုယ်စီကိုယ်စီနဲ့ မီးရောင်စုံရဲ့အောက်မှာပေါ့……။

ဒီလိုအချိန်မှာ ရွှန်းလဲ့တို့ရဲ့ အင်တာနက်ဆိုင်လေးထဲမှာလည်း လူငယ်ယောက်ျားလေးတွေ မိန်းကလေးတွေ ပြည့်လို့ပေါ့ လမင်းကြီးကလည်း သာလွန်းတယ် လမင်းကြီးရဲ့ဘေးမှာလည်း တောက်ပလွန်းတဲ့ သောကြာကြယ်လေးတစ်ပွင့်ပေါ့ လမင်းကြီးကို ငေးကြည့်တိုင်းမ၀လောက်အောင် ရွှန်းလဲ့ရဲ့စိတ်တွေက ကို့စီကို ရောက်သွားခဲ့ပါပြီ……
“ရွှန်းလဲ့”
“ဘာလဲ ….ကို”
“ကိုတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမခွဲကြေးနော်”
“ကိုလည်း ရွှန်းလဲ့အပေါ်မှာ သစ္စာတွေထပ်ပြီးချစ်မယ်….ကိုကတိပေးပါတယ်နော်”
“ကိုနဲ့ရွှန်းလဲ့ သစ္စာတွေဆိုကြရအောင်နော်”
ကိုပြောလိုက်တဲ့ သစ္စာတွေဆိုကြရအောင်ဆိုလို့ ရွှန်းလဲ့စိတ်မှာ တွေဝေမိသလိုဖြစ်သွားမိတယ် တကယ်ဆို သစ္စာပျက်ရင် သစ္စာဆူးတတ်တယ်ဆိုတဲ့သဘောကို ရွှန်းလဲ့က သိနေသည်သာ
ရွှန်းလဲ့စိတ်ထဲမှာ မသိမသာလေး ရေရွတ်လိုက်မိသည်…ကိုရယ် ရွှန်းလဲ့လေ ကို့ကို ချစ်တယ်ဆိုတာထက် သံယောဇဉ်တွေပိုခဲ့မိတယ်လေ ဖြတ်တောက်မရတဲ့ တို့နှစ်ဦးရဲ့ သံယောဇဉ်တွေက သစ္စာဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားနိုင်မှာပါ
ရွှန်းလဲ့လေ ကို့ကို ကတိပေးပါတယ် ၊ သစ္စာလည်းဆိုပါတယ်နော်….။
“ကို“
ဒီဘ၀မှာလေ ရွှန်းလဲ့နဲ့ကို ဘယ်တော့မှ သစ္စာမပျက်ကြေးချစ်သွားမှာပါ….ကိုကလွဲပြီး ရွှန်းလဲ့စီကို တိုးဝင်လာမယ့်အချစ်တွေကို ရွှန်းလဲ့ဖယ်ရှားပစ်မယ် …
“အရှင်ဘုရား…ဘုရားတပည့်တော်မရွှန်းလဲ့သည် ကို့အပေါ်မှာ သစ္စာရှိရှိနဲ့ တသက်လုံးချစ်သွားမှာပါ…ကိုကလွဲပြီး ဘယ်သူ့ကိုမှလည်း တပည့်တော်မ နေရာမပေးနိုင်တော့ပါ…ဤသစ္စာတရားမှန်ကန်ခဲ့ပါက ကိုနဲ့ဆုံဆည်းခွင့်ရရပါလို၏…..ဤသစ္စာတရား ပျက်ယွင်းခဲ့သည်ရှိသော် ဒီဘ၀မှာချက်ချင်း သွေးအန်ပြီးသေရပါလို၏ဘုရား…..”
“ကို”
“ရွှန်းလဲ့ သစ္စာဆိုခဲ့ပြီနော်…”
“ရွှန်းလဲ့ရယ်…ဘာလို့များ အဲဒီလောက်ထိ ဆိုလိုက်တာလဲ”
“ကို…စိတ်မကောင်းဖြစ်ရပြီပေါ့”
“ကို အရမ်း အတ္တကြီးသွားတယ် ရွှန်းလဲ့ရယ်”
“ကိုရယ်…..ရွှန်းလဲနဲ့ကိုနဲ့ သိပ်ချစ်ကြတယ်လေ”
ရွှန်းလဲ့ ကို့မျက်နှာလေးကိုကြည့်ရင်း ဘယ်ကလာမှန်းမသိတဲ့ မျက်ရည်စတွေက ပါးပြင်ပေါ်မှာ စီးကျနေရင်းပေါ့
ကိုနဲ့ရွှန်းလဲ့တို့ရဲ့ သစ္စာတည်တဲ့ချစ်ခြင်းတွေက အွန်လိုင်းဆိုတဲ့ ဆက်သွယ်မှုလေးက စတင်ခဲ့တာမဟုတ်ပါလား ရွှန်းလဲ့နဲ့ ကိုတို့ရဲ့ ချစ်ခြင်းတွေက သူမတူတဲ့မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ တည်ဆောက်ခဲ့ကြတာမို့ ခိုင်မြဲကြလိမ့်မယ်လို့ ကိုရော ရွှန်းလဲ့ပါ ယုံကြည်ထားကြသူတွေရယ်ပါ။
“ရွှန်းလဲ့”
“ရှင်….ကို…”
“ရွှန်းလဲ့နဲ့ ကိုတို့ရဲ့နှလုံးသားကြားမှာ မဖြစ်နိုင်ဘူးဆိုတဲ့အဘိဓာန်မရှိကြေးနော်၊ ကိုတို့နှစ်ယောက်ရဲ့သစ္စာတွေ ထာဝရတည်တံ့ပါစေလို့လည်း ကိုဆုတောင်းပါတယ်”
“ကိုလေ…..ရွှန်းလဲ့ကို သိပ်ချစ်တယ်”
“ရွှန်းလဲ့လည်း ကို့ကို သိပ်ချစ်ပါတယ်”
“ရွှန်းလဲ့လေ….ကိုနဲ့မတွေ့ခင်က ရွှန်းလဲ့တို့ဆိုင်မှာ အင်တာနက်သုံးစွဲသူတွေကို အပြစ်တင်မိတယ် သူတို့တွေကိုကြည့်ရင် နေ့စဉ်နဲ့အမျှ chattingထဲမှာဘဲ အချိန်တွေကုန်နေကြတယ် နေ့ရောညရော မနားနိုင်အောင် အလုပ်တွေရှုတ်နေကြတယ်လို့ ထင်မိတယ် ပြီးတော့လည်း ပိုက်ဆံတွေကိုလည်း မလိုအပ်တဲ့နေရာတွေမှာ ဖြုန်းတီးနေကြတယ်လို့ ထင်ခဲ့မိတယ်…..။”
”ရွှန်းလဲ့ခဏခဏကြားနေရတဲ့ သတင်းတွေကလည်း တကယ်ကိုကြောက်စရာကောင်းလွန်းတော့ ရွှန်းလဲ့ကိုယ်တိုင် ကြောက်လာမိတဲ့အတွေးမျိုးတွေအထိ ၀င်ခဲ့မိတယ် ဒါပေမယ့် ကိုနဲ့တွေ့ခဲ့ရတဲ့နောက်ပိုင်းမှာတော့.. အွန်လိုင်းဆိုတဲ့ ချစ်သူ့နယ်မြေလေးကို ပိုပြီး အချစ်တိုးလာမိခဲ့တယ် ကိုရယ်….။”
ကိုနဲ့ရွှန်းလဲ့တို့ရဲ့ ချစ်ခြင်းတွေက ပိုင်ဆိုင်လိုခြင်းတွေ၊ အနှောင်အဖွဲ့တွေမပါကြဘဲ ရိုးရှင်းလွန်းတဲ့ မောင်နှမရယ်ဆိုတဲ့ သံယောဇဉ်လေးကတဆင့် ရင်ထဲကနေဖြစ်ပေါ်လာခဲ့တဲ့ မေတ္တာတွေပေါ့….။
နွေလေညင်းလေးရဲ့ ညနေစောင်းချိန် တနေ့မှာတော့ ရွှန်းလဲ့နဲ့ကိုနဲ့ ကျောင်းကြီးတည်းက ကန်(မ်)တင်းက အကြော်ဆိုင်လေးမှာ နှစ်ဦးသား ချစ်ခွန်းတွေဖွဲ့ခဲ့ကြတာပေါ့….
“ကို”
“ဟင်…ဘာလဲရွှန်းလဲ့”
“ဒီနေ့ ရွှန်းလဲ့နဲ့ကို ကဗျာအသစ်လေးတွေ ရေးဖို့ရှိတယ်နော်”
“ဟုတ်တယ်လေ….”
“နောက်လဆိုရင်….သင်္ကြန်ကျတော့မှာဆိုတော့….သင်္ကြန်နဲ့ပတ်သက်တဲ့ လွမ်းမောစရာကဗျာကောင်းလေးတွေ ရေးကြမယ်နော်ကို”
“အင်းပေါ့….ရွှန်းလဲ့ရဲ့”
ရွှန်းလဲ့နဲ့ကိုနဲ့က ၀ါသနာတူ စိတ်တူ ကိုယ်တူမို့ ရွှန်းလဲ့ကဗျာရေးချိန်ဆို ကိုက အနားမှာအမြဲ အဖော်လုပ်ပေးတတ်သည်သာ ရွှန်းလဲ့စာရေးနေချိန်ဆို ကိုကဘေးကနေ အသာလေးထိုင်ကြည့်ပြီး ရွှန်းလဲ့နဲ့ကိုနဲ့ သောက်နေကျ ခွက်ကလေးနဲ့ ကော်ဖီပူပူလေးတစ်ခွက်ကို ဖျော်ပေးတတ်သည်သာပေါ့
ကိုက အလိုက်တသိနဲ့ ရွှန်းလဲ့ကို စကားတစ်လုံးမှမပြောတော့ဘဲ ဘေးကနေသာ ရွှန်းလဲ့ကို စူးစိုက်ကြည့်နေတတ်သည်
“အော်….ဒါနဲ့ကို”
“ပြောလေ ရွှန်းလဲ့”
“ဒီနှစ်သင်္ကြန်မှာ ကိုနဲ့ရွှန်းလဲ့တို့ သီဆိုဖို့ “အနုပညာပန်းတိုင်”သီချင်းလေးရယ် “နှစ်ကိုယ်ချစ်သမျှ”သီချင်းလေးရယ် တိုက်ဖို့ရှိသေးတယ်နော်”
“အင်း….ဟုတ်သားပဲ…ကိုမေ့နေတာ…ရွှန်းလဲ့သတိပေးမှဘဲ”
“အဟီး…ဟီး”
နှစ်ဦးသား ကြည်နူးအပြုံးတွေနဲ့ အနုပညာပန်းတိုင်ခရီးကို လျှောက်လှမ်းနေကြသည်သာပေါ့…
သင်္ကြန်ကိုရောက်ဖို့အတွက် တစ်လသာသာလိုတော့သည် ရွှန်းလဲ့နဲ့ကိုနဲ့ သီချင်းတိုက်ရပေအုံးမယ်
“ကို”
“ဒီနေ့ သီချင်းတိုက်ဖို့ရှိတယ်နော်”         
“အင်း….ဟုတ်တယ် ရွှန်းလဲ့…”
“ကဲ….စလိုက်ကြရအောင်နော်”
“ သီချင်းလေးတွေကို…..တူတူဆိုရအောင် xxxx မေ့ရယ်မောင်ရယ် သံပြိုင်ဆိုကြမယ် xxx သံစဉ်တွေကို ပေါင်းစုလို့…..မေဆိုမယ်ဆို တေးသွားထက်အောင်…..မောင်ကိုယ်တိုင်သီကုံးလို့ပေးပါ့မယ်xxxx”
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်နဲ့ သီချင်းတွေဆိုလိုက်ကြတာ ရွှန်းလဲ့နဲ့ကိုတို့ မေ့မျောသွားရသည်အဖြစ်သာ….
“ရွှန်းလဲ့”
“ဘာလဲ….ကို”
“သိပ်ချစ်တယ်….ရွှန်းလဲ့ရယ်”
“ရွှန်းလဲ့လည်း….ကိုနဲ့ထပ်တူပါပဲနော်”
“ရွှန်းလဲ့နဲ့ကို ဘယ်တော့မှမခွဲကြဘူးနော်…..သစ္စာတွေထပ်ပြီး ချစ်သွားကြမယ်နော်”
“ဟုတ်ကဲ့ပါ ကိုရယ်”
အွန်းလိုင်းဆိုတဲ့ နေရာလေးတစ်ခုကနေ ဆုံမှတ်အဖြစ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ရွှန်းလဲ့နဲ့ကိုဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်တူ ကိုယ်တူ ၀ါသနာတူတွေနဲ့ ချစ်လာခဲ့ကြတဲ့အတွက် အွန်လိုင်းဆိုတဲ့ နေရာလေးဟာ ရွှန်းလဲ့နဲ့ကိုတို့ရဲ့ ဘ၀မှတ်တိုင်အဖြစ် ရေးသွားမယ့် ချစ်သူ့နယ်မြေလေးပေါ့နော်……ကိုနဲ့ဆုံဆည်းခွင့်ပေးခဲ့တဲ့ ဟောဒီအွန်လိုင်းဆိုတဲ့ ချစ်သူနယ်မြေလေးကိုလည်း ရွှန်းလဲ့က ထာဝရကျေးဇူးတင်နေအုံးမှာ ကိုရယ်…..။

”ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: