Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ရင်ဘတ်ချင်းနီးနေသူ”

“ရင်ဘတ်ချင်းနီးနေသူ”

ကျွန်မဘ၀လေးထဲကို အမှတ်မထင် ၀င်ရောက်လာခဲ့တဲ့ ချစ်သူရေ…ဘ၀ကြီးထဲမှာ ရှင်သန်နေထိုင်ရင်း ဒီအချိန်လေးရောက်မှ ဆုံဆည်းခဲ့ကြရလို့ ၀မ်းသာခဲ့ရတယ်…တိုက်ဆိုင်မှုတွေမဟုတ်ခဲ့တဲ့ ချစ်ခြင်းတရားတွေ၊ နားလည်မှုတွေက ကျွန်မရဲ့နှလုံးသားကို ထိခိုက်စေခဲ့ပါတယ်…။
အချစ်ဆိုတာ လူတစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုပေမယ့် အပေးအယူမမျှတခဲ့ရင် မပြေလည်မှုလေးတွေက တဆင့် အချစ်တွေပျက်စီးသွားနိုင်ပါတယ်။ ချစ်သူနဲ့ ကျွန်မရဲ့ ကြားမှာတော့ ဖြူစင်တဲ့ချစ်ခြင်းတရားတွေက စခဲ့ကြလို့ အချစ်တွေက ခိုင်မြဲခဲ့ကြတယ်နော်။

“အချစ်”ဆိုတာနဲ့ ထိတွေ့နေခဲ့ရတဲ့ လူသားတိုင်းဟာ အရည်ပျော်သွားတတ်ကြစမြဲပါပဲနော်…ချစ်သူနဲ့ အဆင်မပြေကြတဲ့အချိန်တွေမှာတော့လည်း အချစ်ကို အပြစ်တင်တတ်ကြတဲ့ လူသားတွေလည်း ရှိခဲ့မှာပါနော်။
ချစ်သူနဲ့ကျွန်မရဲ့အချစ်တွေကတော့ ဘယ်တော့မှ မပျက်ဆီးနိုင်ကြတော့ပါဘူးနော်…အချစ်ဆိုတာဟာ ဖန်တီးယူလို့မရသလို၊လုပ်ယူလို့လည်းမရပါဘူးနော်…ရင်ထဲကနေ ကိုယ်စီရှင်သန်ပေါက်ဖွားလာခဲ့တဲ့ အရာလေး တစ်ခုပါ….။
ချစ်သူနဲ့ကျွန်မရဲ့ကြားမှာ အချစ်ဆိုတာဟာ အားလုံးထက်တန်ဘိုးရှိနေခဲ့ကြတယ်နော်…စားအတူ၊ သွားအတူမို့ စိတ်သဘောချင်းထပ်၊ မြတ်သောအချစ်စစ်တွေနဲ့ သစ္စာလေးတစ်ခု တည်ဆောက်ခဲ့ကြတယ်နော်.. ချစ်သူနဲ့ ကျွန်မရဲ့ကြားမှာ “ချစ်တယ်”ဆိုတဲ့ စကားလေးတစ်ခွန်းကို ပိုပြီးနက်ရှိုင်းစွာဖွဲ့ဆိုခွင့်ရရင် ဖွဲ့ဆိုလိုက်ချင်ပါ တယ်…။
လူတွေက ပြောကြတယ်…ချစ်သူတစ်ဦးနဲ့တစ်ဦး ဝေးနေတဲ့အချိန်တွေမှာ ပိုပြီးချစ်ဖို့၊ ပိုပြီးသစ္စာရှိဖို့လိုတယ်လို့… ကျွန်မ ကြားဘူးခဲ့ပါတယ်၊ အဲ့ဒီသတ်မှတ်ချက်တွေဟာ တစ်ဦးနဲ့တစ်ဦး တုန့်ပြန်မှုအချိုးကျနေမှလို့ ကျွန်မခံယူမိ ပါတယ်…။
ချစ်သူနဲ့ကျွန်မကြားမှာတော့ ပြောစရာမလိုအောင် သိပ်ချစ်ခဲ့ကြလို့ အနေတွေဝေးနေခဲ့ရင်လည်း ရင်ခုန်သံချင်း၊ ရင်ဘတ်ချင်းတွေကတော့ တူညီနေကြမှာပါနော်။ ချစ်သူနဲ့ကျွန်မဟာ တစ်နာရီ၊ တစ်စက္ကန့်၊ တစ်မိနစ်လေး တောင်မှ မခွဲနိုင်ကြပါဘူး၊ ဝေးနေရတဲ့အချိန်တွေမှာ ပိုပြီးလွမ်းနေကြရသလို၊ ပိုပြီးလည်း ချစ်ခဲ့ကြတယ်နော်…။
“အချစ်ဆိုသည်မှာ”ဆိုတဲ့အရာကို လူတွေက အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ချစ်သူနဲ့ကျွန်မတို့အတွက်ကတော့ “အချစ်ဆိုတာ” ဖြူစင်ပြီး ပျော်ရွှင်စေပါတယ်…၊ အချစ်တွေမှာ အပြစ်မရှိကြပါဘူး…။
ချစ်သူနဲ့ကျွန်မလည်း ချစ်နေလက်စအချစ်တွေကို နှစ်တစ်ရာမက ခိုင်မြဲတည်တံ့အောင် ချစ်ခြင်းတရားတွေ၊ နားလည်မှုတွေ၊ အပေးအယူမျှတမှုတွေနဲ့အတူ မေတ္တာခရီးလမ်းကို လျှောက်လှမ်းသွားကြပါစို့နော်…။
ချစ်သူရယ်၊ ကျွန်မရယ် ဒီဘ၀တွေထဲမှာ အသက်ရှင်နေချိန်တွေထိ ချစ်သွားကြမယ်နော်…ချစ်သူနဲ့ကျွန်မတို့ရဲ့ ရင်ထဲက အချစ်စစ်တွေကို ဘယ်သူလာလာဖျက်ဆီးလို့မရနိုင်တော့သလို…ဖျက်ဆီးခွင့်လည်း မရှိတော့ပါဘူး နော်။ အချိန်တွေနဲ့အမျှ ငိုနေခဲ့ရတဲ့ မျက်ရည်တွေလည်း ယနေ့ကစလို့ ခန်းခြောက်သွားနိုင်ပါစေတော့နော်…။

နေခြည်သစ်နွယ်(ပြည်)

No comments: