Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အိပ်မက်ထဲက…စင်ဒရဲလား”

“အိပ်မက်ထဲက…စင်ဒရဲလား”
စင်ဒရဲလားဆိုတာ ကျွန်မငယ်စဉ်တည်းက စာအုပ်တွေထဲမှာ မှတ်သားခဲ့ဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ်ပါ “စင်ဒရဲလား”ဆိုတာ မင်းသမီးလေးတစ်ပါး၊ ဒါပေမယ့် အချိန်တွေ၊ နာရီတွေ၊ ကန့်သတ်ချက်တွေနဲ့ ဖြစ်ခွင့်ရလာခဲ့တဲ့ မင်းသမီးလေးပေါ့…မင်းသမီးလေးခမျာ မင်းသားလေးနဲ့တွေ့ရဖို့ အခက်အခဲတွေကြားကနေ ရရှိလာခဲ့ပေမယ့် ကံတရားက ရက်စက်လွန်းပါတယ် ကျန်ရစ်ခဲ့တဲ့ ဖိနပ်တစ်ရံကို အပူတပြင်းနဲ့လိုက်ရှာနေ ကြတော့ မင်းသမီးလေးရဲ့ ခြေထောက်နဲ့တော်လို့ မိဖုရားအဖြစ် ချီးမြှောက်ခံရတဲ့အခါ မင်းသမီးလေးဟာ သာယာပျော်ရွှင်သွားခဲ့ရတယ်နော်… ကျွန်မလည်း စင်ဒရဲလားလေးလိုပဲ တခဏတော့ မင်းသမီးလေး ဖြစ်လိုက်ချင်ပါတယ်…။

နှလုံးသားရဲ့အလိုကျပြန်တော့ အသိတရားတွေရဲ့ စိုးမိုးမှုတွေက မဖြစ်သင့်ဘူးတဲ့လား …ကျွန်မ ရူးခဲ့ရပြီပေါ့ လောကကြီးက ကျွန်မအတွက် ပန်းဥယျာဉ်ကြီးတစ်ခု ဖန်တီးပေးခဲ့သလို၊ လှပပြီး အရောင်အသွေးစုံလင်စွာနဲ့ ပွင့်ဖူးလာတဲ့ပန်းကလေးတွေကလည်း အများကြီးပါပဲ…လှပတဲ့အချစ်တွေကိုလည်း ကျွန်မကို ပေးခဲ့ဘူးပါတယ်…။
“ချစ်သူ”ဆိုတာ နှစ်ကိုယ်တူထပ်တူကျတော့ အရာရာမှာ အချစ်တွေနဲ့ ပြီးပြည့်စုံနေခဲ့တာပေါ့… အရာရာမှာထပ်တူကျခဲ့ပေမယ့် ဘ၀ရဲ့အသိတရားတွေက ကျွန်မရဲ့နှလုံးသားကို ရိုက်ချိုးဖျက်ဆီးခဲ့လို့ ချစ်သူကို ငေးကြည့်ရုံသာဖြစ်ရသည်ပေါ့…။
ကျွန်မရဲ့ “ချစ်သူ” ဘ၀မှာ အစဉ်လန်းဆန်းပါစေသား…ဖြစ်ခဲ့တာတွေ၊ ချစ်ခဲ့တာတွေက အိပ်မက်ထဲက “စင်ဒရဲလား”လေးပမာ ထင်မှတ်နေရပါတယ် ချစ်သူရယ်….
သာလွန်းတဲ့လမင်းကြီးကို ငေးကြည့်ရတိုင်း သန့်ရှင်းစင်ကြယ်လှတဲ့ ကုမုဒ္ဒြာပန်းတစ်ပွင့်ရယ်၊ အပြုံးပန်းတွေဝေနေတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေက ရင်နင့်စွာနဲ့ ခံစားစေခဲ့ရပါပြီ…လမင်းကြီးထဲမှာ အချစ်တွေရှိတယ်၊ သစ္စာတွေရှိတယ် ချစ်သူရယ်….နော်….။
ဘ၀ပေါင်းများစွာက ဝေးကွာနေခဲ့ကြတဲ့ ချစ်သူနှစ်ဦး ထပ်တူကျတဲ့ ဘ၀တစ်ခုကို ဖန်တီးတည်ဆောက်ဖို့ ကံကြမ္မာက ငြင်းပယ်နေခဲ့တာကို ကျွန်မတို့တွေ သိနေခဲ့ကြပြီနော်…။
ချစ်ရသူရေ တို့နှစ်ဦး ဖန်တီးတည်ဆောက်ဖို့ သီးခြားကမ္ဘာလေးမရှိတော့ပေမယ့် တို့နှစ်ဦးရဲ့ အချစ်စစ်တွေကို ဒီကမ္ဘာမြေပြင်နဲ့အတူ ပန်းကလေးတွေ၊ လမင်းကြီးနဲ့ ကြယ်ဖြူလေးတွေက သက်သေပြုလို့ သိနေခဲ့ကြပြီဆိုတော့….ကျေနပ်နေပါတော့ ချစ်ရသူရယ်…..။
ဘ၀မှာ ပန်းကလေးတွေဖြစ်လာခဲ့ပြီဆိုတာနဲ့ မဖြစ်မနွမ်းနဲ့ တဒင်္ဂတော့ နွမ်းနေရအုံးမှာပါ…ပန်းကလေးတွေကို နွမ်းမသွားရအောင် တို့နှစ်ဦးရဲ့ ဖြူစင်တဲ့ လက်တစ်စုံနဲ့ ရေလောင်းပေါင်းသင်ကြမယ်…တို့နှစ်ဦးရဲ့ အချစ်တွေ ရှင်သန်သန့်စင်စေဖို့ ကြင်ယာတော်ရွေးပွဲလည်း မလုပ်ပါနဲ့တော့နော်… “စင်ဒရဲလား”မင်းသမီးလေး ဖြစ်ချင်ခဲ့ပေမယ့်…တခဏလေးပဲဖြစ်ခွင့်ရမှာမို့…အိပ်မက်ထဲက “စင်ဒရဲလား”မင်းသမီးလေးပဲ ဖြစ်ပါရစေတော့ ချစ်ရသူရယ်……။
နေခြည်သစ်နွယ်(ပြည်)

No comments: