“သာသနာ့ဘောင်မှ နေခြည်သစ်နွယ် (ခ) ဆရာလေး ခေမာစာရသိင်္ဂီ”
ချမ်းအေးလွန်းတဲ့
ဒီဇင်ဘာရဲ့ညနေစောင်းလေးမှာပေါ့ ကျွန်မရဲ့ အိမ်အပြန် လမ်းတစ်လျှောက်မှာ
စဉ်းစားရင်း အိမ်ရောက်မှန်းမသိအောင် အတွေးတွေလွန်သွားတယ်လေ အိမ်ရောက်တော့
ကျွန်မစဉ်းစားတဲ့ အကြောင်းအရာတချို့ကို စဉ်းစားပြီး ကျွန်မမိဘတွေကို
ဖွင့်ပြောခဲ့မိတယ်
အဲဒီအကြောင်းလေးကတော့
ကျွန်မ လောကီကို စွန့်ခွါတော့မယ်ဆိုတဲ့အကြောင်းလေးပေါ့..ကျွန်မအတွက် ဘ၀မှာ
ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်နေတဲ့လက်ရှိဘ၀တွေမှာ ကျေနပ်မှုမရှိနိုင်၊
လိုချင်တဲ့အရာအားလုံးကို ပိုင်ဆိုင်ခဲ့တယ်၊ သောကရယ်တစ်လှည့်
ဒုက္ခရယ်များစွာဆိုသလို ဆင်းရဲချမ်းသာ တလှည့်စီသာလာလို့ပေါ့
ကျွန်မပိုင်ဆိုင်ဆိုင်ချင်တာ ဘာလဲဆိုတာတွေ၊ ပိုင်ဆိုင်ပြီးသမျှအရာတွေကိုရော
လိုချင်ခဲ့တာဟုတ်ရဲ့လားလို့ ကျွန်မကိုယ်ကျွန်မ
အကြိမ်ကြိမ်ပြန်မေးခဲ့ရင်း….. ဘာတွေလိုအပ်လဲ ကျွန်မအကြိမ်ကြိမ်
စဉ်းစားမိတယ် ကျွန်မရဲ့အလုပ်ထဲမှာ မပျော်တော့သလို
ကျွန်မရဲ့နေ့စဉ်လုပ်ငန်းတွေက သံဝေဂတရားတွေ ပေးလိုက်မိတယ်ထင်ပါတယ်….
ကျွန်မက
အွန်လိုင်းကို အမြဲတမ်းဆိုသလိုသုံးဖြစ်တယ်
ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ စကားတွေပြောတယ် ဘာရယ်မသိ ညာရယ်မသိ
ဗလာနတ္ထိပဲဆိုတာ ကျွန်မ နားလည်ခဲ့မိတယ်… တရားသဘောနဲ့ယှဉ် ခန္ဓာအသိ
ရုပ်နာမ်အတိနဲ့ ဖြစ်တည်လာတဲ့ လူ့လောကမှာ အရာအားလုံးမတည်မြဲကြပါလားလို့……
အချစ်ဆိုတာ ပူလောင်ခြင်း…. မေတ္တာဆိုတာ အေးမြခြင်း၊
လူသားတို့ပေးစွမ်းနိုင်တဲ့ အေးချမ်းတဲ့မေတ္တာတရားကို ကျွန်မ
လိုလားတောင့်တမိတယ်….ကျွန်မအတွက်အဖြေတစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ၊
ဒီလိုနဲ့ပဲ ကျွန်မရဲ့မိဘတွေကို ခွင့်တောင်းပြီး
ကျွန်မရဲ့ဆုံးဖြတ်ချက်အတိုင်း သာသနာ့ဘောင်ကိုဝင်ဖို့အတွက်
ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်..
“အဖေနဲ့အမေ”
“ဟင်…..သမီးလေး”
“ပြောလေ….အမေတို့ကို ဘာပြောမလို့လဲ”
ကျွန်မ ၀မ်းနဲဝမ်းသာမျက်ရည်ဖြစ်သွားပြီး အားရပါးရ ငိုခဲ့တာပေါ့……
“အဖေနဲ့အမေကို သမီး ခွင့်တောင်းချင်လို့ပါ”
“ဘာများလဲကွယ်…..”
“သမီးကို သာသနာ့ဘောင်ကို အပြီးတိုင် ၀င်ခွင့်ပြုပါလို့…….”
ကျွန်မရဲ့မိဘတွေ အမှတ်မထင်ဆိုသလိုပါပဲ မျက်ရည်တွေလည်လာပြီး…..ကျွန်မရဲ့ ဖခင်က စကားလေးတစ်ခွန်းပြောခဲ့တာပေါ့….
“ချစ်သမီးလေးရေ”
“အဖေနဲ့အမေကို တရားဓမ္မအသိနဲ့ ကျေးဇူးဆပ်တဲ့…..ချစ်သမီးလေးကို”
“အဖေနဲ့အမေက ထာဝရ ခွင့်ပြုပါတယ်ကွယ်”
“ကောင်းတဲ့အလုပ်ကိုလုပ်ပြီး မွန်မြတ်သန့်စင် မြင့်မြတ်တဲ့အသိပညာတွေနဲ့……..သာသနာ့တာဝန်တွေကို…..
“နိုင်နင်းပိုင်နိုင်စွာ နဲ့ ကျေပြွန်အောင် ထမ်းဆောင်ပါတော့ သမီးလေးရယ်” ဆိုပြီး
ကျွန်မရဲ့ဖခင်ရဲ့ ရင်တွင်းမှ မေတ္တာတရားတွေက စကားလုံးတွေဖြစ်တည်လာခဲ့ပြန်ပါတယ်…
“ကောင်းပါပြီ အဖေနဲ့အမေ”
“ဒီနေ့ပဲ သမီးတို့ “သဒ္ဒမ္မဂီရိတောရကျောင်းလေး”ကို….သွားကြတာပေါ့နော်”
ကျွန်မနဲ့အတူ
ကျွန်မရဲ့မိဘနှစ်ပါးဖြစ်သူနဲ့ အိမ်နီးနားချင်း သူငယ်ချင်းမိတ်ဆွေများက
အေးမြလွန်းတဲ့ တရားရိပ်သာကို တပါတည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်၊ကျွန်မ
နောက်ဆုံးနှုတ်ဆက်ချင်သူများရှိပါသေးတယ်၊ အဲဒါကတော့ ကျွန်မကို ချစ်ကြတဲ့
ကျွန်မရဲ့ချစ်သူတွေပါ၊ နောက်ဆုံးအနေဖြင့် ကျွန်မ နှုတ်ဆက်ချင်သေးသည်၊
ရာဂဆိုတဲ့ အပူမီးနဲ့မဟုတ်တော့ဘဲ ငြိမ်းအေးသောစိတ်ထားဖြင့်သာ၊
သူတို့ရဲ့စိတ်ကိုလည်း ကျွန်မလိုပဲ ဖြစ်စေချင်သည်သာ….
“အဖေနဲ့ အမေ”
“ဟင်….ဘာလဲ သမီး”
“သမီးချစ်သူနဲ့ တွေ့ပေးပါနော်”
“နောက်ဆုံးအနေနဲ့ နှုတ်ဆက်ပါရစေနော်”
“အင်းပါ သမီးလေးရယ်”
ကျွန်မကိုချစ်ကြတဲ့ ကျွန်မရဲ့ချစ်သူ ရောက်ရှိလာချိန်မှာတော့….. ကျွန်မရဲ့ချစ်သူကို နှုတ်ဆက်စကားတွေဆိုခဲ့ပါတော့တယ်…..
“ချစ်သူရေ…. သံသရာရဲ့ အပူမီး မယူပါလဲ ကူးစက်တတ်တာမို့”
“ဘ၀ရဲ့သံသရာမှ ငြိမ်းအေးရာအမှန်ဖြစ်တဲ့ တရားအရိပ်ကို ခိုလှုံပါရစေပါတော့နော်”
ချစ်သူရဲ့
အကြည့်နဲ့အတူ မျက်ရည်စတွေက ၀ဲလာပါတော့တယ်…. ဒီအချိန်မှာ ကျွန်မရဲ့ ငိုလွယ်
ရှိုက်လွယ်တတ်တဲ့ နှလုံးသားတို့မှာ ပကတိအတိနဲ့
အေးချမ်းခြင်းနိမိတ်ပုံရိပ်တွေနဲ့ တည်ငြိမ်နေပါတော့တယ်…. ကျွန်မကိုချစ်တဲ့
ကျွန်မရဲ့ချစ်သူကတော့ မျက်ရည်တွေ အရွှဲသားနဲ့ ခွင့်ပြုလည်းအခက်
ခွင့်မပြုလဲခက်နဲ့
“ချစ်သူ”
“နောက်ဆုံးအကြိမ်နှုတ်ဆက်”
“ပညတ်ချက်တွေလည်း မပေးတော့ပါဘူး”
“ခွင့်ပြုချက်တွေ မပေးချင်ပေမယ့်”
“နောက်ဆုံးအတွက် အေးချမ်းရာ”
“ထာဝရအတွက် ပါရမီဖြည့်ပေးပါ့မယ်ချစ်သူ……”ရယ်လို့
ချစ်သူရဲ့ ကြေကွဲအက်ထစ်နေတဲ့ နှလုံးသားမှ အသံလှိုင်းများက ကျွန်မရဲ့ရင် စူးနစ်ဝင်စေပါတော့တယ်
နာရီချိန်အားဖြင့်
ညနေ(၄း၀၀)နာရီထိုးသွားပြီမို့ ကျွန်မ ဆံချချိန်နီးသွားပြီ…ဆရာတော်က
ခေါ်နေပြီမို့ သွားရတော့မယ်၊ ကျွန်မအဖေနဲ့အမေက တစ်ပါတည်း လိုက်ပါခဲ့ပြီး……
ဆံချမယ့် တဘက်လေးကို နှစ်ယောက်အတူကိုင်ပြီး….ဆရာတော်ရဲ့ သြ၀ါဒကို
ခံယူခဲ့ပါတော့တယ်၊
ဆံချနေချိန်မှာတော့၊
ကျွန်မရဲ့စိတ်နှလုံးမှာ မတည်မြဲခြင်းဆိုတဲ့ သင်္ခါရကမ္မဌာန်းကို
ရှုမှတ်နေပါတော့တယ်…..ကျွန်မရဲ့ ရှည်လျားလှတဲ့ ဆံနွယ်တွေ ဦးခေါင်းထက်မှ
ကျလာတဲ့အချိန်မှာတော့၊ ကျွန်မစိတ်ထဲ အတွေးတစ်ခုနဲ့အတူ သတိတရား
ဝင်လာပါတော့တယ်…
“ငါ့ဘ၀ရဲ့ ခန္ဓာ”
“ငါ့ဘ၀ရဲ့ အလှတရား”
“ရုပ်နာမ်နှစ်ပါးဆိုတဲ့ အဖြေ”
“သေချာတွေးကြည့် မရေမရာတဲ့ သံသရာတ၀က်မှာ”
“ငါ မျောပါခဲ့မိတာ နှမြောအတိပါလား…..”ဆိုတဲ့
“အသိနဲ့သတိ” စွဲကပ်စွာ ပါလာပါတော့တယ်….
ဆံချပြီးတဲ့အခါမှာတော့
အင်မတန်မှ မြင့်မြတ်အေးချမ်းလှတဲ့ သီလရှင်ဘ၀ကို ရောက်ရှိလို့
သွားခဲ့ပါပြီ….ဆရာတော်က ဒါယိကာမလေးအား….ဘွဲ့တစ်ခုကို
ပေးအပ်ချီးမြှင့်ခဲ့ပါတော့တယ်…..
“ဆရာလေး”
“ဘုရား”
“ဆရာလေးရဲ့ ဘွဲ့နာမည်က…ဒီနေ့ကစပြီး ခေမာစာရသိင်္ဂီ”ဖြစ်သွားပြီ
ဆရာတော်က
ဘွဲ့နာမည်ပေးပြီးတဲ့နောက်မှာတော့….ဆရာတော်ရဲ့ သီလပေးခြင်းကို ဆရာလေး
ခေမာစာရသိင်္ဂီနဲ့အတူ အမိအဖ အမှူးပြုတဲ့ တရားနာ ပရိသတ်တို့က အတူတကွ
နာကြားကြရင်း အမျှပေးဝေကြပြီး …. သာဓုအနုမောဒနာခေါ်ဆိုခဲ့ကြပါတော့တယ်…..
တရားတော်နာယူပြီးတဲ့နောက်မှာတော့
လောကီဘ၀က ကျွန်မလို့ ခေါ်ခဲ့တဲ့ နေခြည်သစ်နွယ် ခုဆိုရင် လောကုတ္တရာရဲ့
သာသနာ့ဘောင်မှာ သာသနာ့တာဝန်တွေထမ်းဆောင်ဖို့အတွက်…..ကျွန်မကို ချစ်ကြတဲ့
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့အတူ ကျွန်မကို ချစ်ကြတဲ့သူအားလုံးကို…….ဆရာလေး
“ခေမာစာရသိင်္ဂီ”က တစ်လှမ်း ချင်းလှမ်း….ကျောခိုင်းပြီး….အပြီးအပိုင်
ထွက်ခွါသွားခဲ့ပါပြီ……
“တရားဓမ္မ အစဉ်အေးချမ်းတဲ့”
“ရင်မှာအနှစ် ဖြစ်တည်လို့သာ”
“ကျင့်ကြံကြိုးကုတ် တရားအလုပ်နဲ့“
“ရုပ်နာမ်နှစ်ဖြာ အစဉ်အေးချမ်းကာ”
“ရှုပါ သမထ…မြင်လာကာမှ”
“လှမ်းမယ်သွားကြ တစ်ဆင့်စီသာ”
“ဤခန္ဓာအတွက် ရှေ့ဆက်လှမ်းမှာ”
“မြတ်သော ၀ိပဿနာတည်း”…………
“လောကီလူသားများအားလုံး ငြိမ်းအေးသော တရားဓမ္မဖြင့် ထာဝရအေးချမ်းနိုင်ကြပါစေ……….။”
“ရေးသားသူ- နေခြည်သစ်နွယ်(ပြည်)”
No comments:
Post a Comment