Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ချစ်သောသူအတွက် ဒီနွေတန်ခူးရဲ့ ….ပေးစာ”

“ချစ်သောသူအတွက် ဒီနွေတန်ခူးရဲ့ ….ပေးစာ”

ချစ်သူအကိုရေ…ခုဆို နွေတန်ခူးကိုတောင် ရောက်လို့လာခဲ့ပြီနော်…ချစ်သူဆိုပေမယ့်လည်း အကိုတစ်ယောက် လိုပဲ နှစ်နှစ်ကာကာချစ်နေခဲ့ရပါတယ် အွန်လိုင်းရဲ့ ကွန့်မန့်တစ်နေရာဖြစ်တဲ့ “မြန်မာဆန်စွာ ချိုမျက်နှာနှင့် ရူပါရွှေပန်းချီ ဘွဲ့ထူးတည်”ဆိုတဲ့ အရာလေးကနေ ဖြစ်တည်ပေါက်ဖွားလာခဲ့ကြတဲ့ သံယောဇဉ်တွေက တနင့်တပိုးနဲ့ပါပဲ…။
ဒီစာလေးရေးနေတဲ့အချိန်မှာ ချစ်သူအကိုကို သတိရတဲ့စိတ်တွေ ၊ လွမ်းနေရတဲ့စိတ်တွေ၊ တွေ့ချင်တဲ့စိတ်လေးတွေက…ပြေးလာလို့ရခဲ့ရင် အပြေးပဲလာခဲ့ချင်ပါတော့တယ်…မိုးတွေကရွာ…ရာသီဥတုက အေးစက်စက်ဖြစ်နေပေမယ့် ချစ်သူညီမလေးနှလုံးသားထဲမှာတော့…ပူနွေးနေဆဲပါပဲ…မိုးရေတွေနဲ့အတူ မျက်ရည်တွေပါရောပြီး သွန်းဖြိုးနေခဲ့ရပြီ ချစ်သူအကိုရေ…။

ဘယ်တော့မှမဝေးပါရပါစေနဲ့နော်…ဘယ်တော့မှမဆုံနိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့နော်…. ဘယ်တော့မှ လည်း မဝေးရသလို….ဆုံနိုင်ကြအုံးမှာပါ….တမိုးအောက်မှာ အတူတူနေရတယ်..အချစ်တွေလည်းရှိတယ်… အလွမ်းတွေလည်းရှိနေသေးတယ်လေ….မျက်ရည်တွေကတော့ နှစ်ယောက်အတူ မခန်းခြောက်နိုင်ကြသေးပါ ဘူးနော်… မျက်ရည်တွေ ခန်းခြောက်တဲ့နေ့မှ ဆုံရမယ်ဆိုရင်..ရင်ကွဲရလိမ့်ချစ်သူအကိုရယ်….မျက်ရည်တွေ မကျလာပါနဲ့တော့လို့လည်း ပြောလို့မရ၊ မငိုပါနဲ့တော့လည်း တားလို့မရဘူးလေ…နှစ်ဦးလုံးရဲ့ ရင်ထဲကဖြစ်တည်လာတဲ့ ထူးဆန်းတဲ့သံယောဇဉ်တွေက တဆင့် အလိုအလျောက်ဖြစ်ပေါ်နေခဲ့တာပါ….
ခုဆို သင်္ကြန်မိုးတွေကရွာသွန်းနေပြီ…သင်္ကြန်သီချင်းတွေကလည်း သူပြိုင်ကိုယ်ပြိုင်နဲ့လေ…ဒီအချိန်မှာ ချစ်သူအကိုနဲ့ အတူတူရှိနေရရင်ဆိုတဲ့စိတ်ကလေးကပဲ အလွမ်းတ၀က်သက်သာစေမလားလို့ တွေးနေရင်း ပိုပိုပြီးလွမ်းလာမိတယ်…အရမ်းလွမ်းတယ်ချစ်သူအကို…လွမ်းရလွန်းလို့ မျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ငိုနေခဲ့ရပြီ…. ။
“ချစ်သူညီမလေးလေ…ရွာသွန်းနေတဲ့ မိုးနတ်မင်းကြီးဆီမှာ သစ္စာဆိုလိုက်မယ်နော်….”
“အရှင်မိုးနတ်မင်းကြီးရယ်….ညီမလေးလေ….ချစ်သူအကိုကို လွမ်းရတဲ့စိတ်တွေနဲ့ မျက်ရည်တွေကျခဲ့ရပြီး. ရှိုက်ကြီးတငင်နဲ့ ငိုကြွေးနေခဲ့ရပါပြီ…. ဤဆိုသောသစ္စာမှန်ကန်ခဲ့ပါက…ညီမလေးချစ်တဲ့အကိုနဲ့ ဆုံတွေ့ခွင့်ရရပါလို၏”
ချစ်သူအကိုရေ ….ဆို့နင့်နေတဲ့ ရင်တွင်းကစိတ်တွေက ဘယ်လိုမှထိန်းမရအောင် လွမ်းနေရပြီနော်..
ချစ်သူအကိုနဲ့ညီမလေး..သစ္စာတွေဆိုခဲ့ကြတယ်တဲ့လေ…သစ္စာတွေကို ယိုးမယ်ဖွဲ့ပြီး မပြောပါနဲ့တော့လား နော်… သစ္စာတွေကို ယိုးမယ်ဖွဲ့ပြီး ရှောင်နေခဲ့ကြပေမယ့် နှစ်ဦးလုံးရဲ့ နှလုံးသားတွေက မခံစားနိုင်ကြတော့ဘူး ဆိုတာ..ချစ်သူအကိုသိပါလေစ… သစ္စာတွေကိုတည်ပြီး နှလုံးသားတွေရဲ့ အပြင်ဘက်ဆီမှာ နေနိုင်ခဲ့ကြလို့လား ချစ်သူအကိုရယ်…..။
နေ့စဉ်လို၊ ညတိုင်းလို အလွမ်းတွေပြည့်နှက်နေပြီး တစ်နေ့မတွေ့ရရင် တစ်ကမ္ဘာကြီးခြားနေသလို ချစ်သူအကိုရော ချစ်သူညီမလေးပါ ခံစားနေရတယ်ဆိုတာ ပြောပြစရာမလိုလောက်အောင် သိနေခဲ့ကြတယ် မဟုတ်လား….။
နှလုံးသားတွေရယ်…စိတ်တွေရယ်…အရာအားလုံးဟာ မထင်မှတ်လောက်အောင် ထပ်တူကျနေခဲ့တာ မပြောပေမယ့်လည်း သိနေခဲ့ကြတယ်လေ…ဒီသင်္ကြန်မှာ အတူတူရှိနေချင်ပေမယ့်… ဆုံတွေ့ခဲ့ရတဲ့ ရက်တွေမှာတောင်..ကံကြမ္မာက တို့နှစ်ဦးကို မျက်နှာသာမပေးခဲ့ဘူးနော်.. ကံကြမ္မာကြီးက ရက်စက်လိုက်တာ ချစ်သူအကိုရယ်… ချစ်သူအကိုရဲ့ နွေးထွေးတဲ့ ချစ်မေတ္တာတွေကို အပြည့်အ၀ ခံယူနိုင်ဖို့ ခွင့်မပြုခဲ့ဘူးနော်…..။
အချစ်တွေ၊ အလွမ်းတွေ၊ နှလုံးသားတွေ နီးစပ်နေသမျှ ချစ်သူအကိုနဲ့ ညီမလေးတို့ အတူတူရှိနေကြမယ်နော်…
မဆုံနိုင်ဘူးလို့မပြောပါနဲ့နော်….သေချာဆုံမှာပါ၊ ဝေးရမယ်လို့မပြောပါနဲ့နော်….ဘယ်တော့မှမဝေးပါဘူးနော်…
ချစ်သူအကိုရဲ့နှလုံးသားဟာ ညီမလေးဖြစ်သလို….ညီမလေးရဲ့နှလုံးသားဟာလည်း ချစ်သူအကိုပါပဲ….
ဘ၀ကဆုံတွေ့ခွင့်ပေးလာခဲ့လို့ ကံကြမ္မာကို ကျေးဇူးတင်ခဲ့ပေမယ့်….တမိုးအောက်ထဲမှာ အတူနေခိုင်းပြီး…ဘာလို့များ ရှင်ခွဲ ခွဲထားရက်ကြတာလဲလို့ အပြစ်တင်နေမိသူ ညီမလေးကိုတော့ အပြစ်မယူလောက်ပါဘူးနော်….
ဘယ်လိုလွမ်းသလဲလို့မေးရင်….တခါမှကို မလွမ်းဘူးတဲ့အဖြစ်မျိုးရယ်ပါ…..။
ဘယ်လောက်ချစ်သလဲလို့မေးရင်….သေရာပါမယ့်အချစ်မျိုးရယ်ပါ…..။
ဘယ်ချိန်ထိလဲလို့မေးရင်….နောက်ဆုံးထွက်သက်ထိပေါ့…..။
ယုံလားလို့မေးခဲ့ရင်…..ဟိုးအရင်က..မယုံဘူးလို့ဖြေခဲ့မိပေမယ့်…ခုချိန်မှာတော့ နှလုံးသားတွေက အလိုလို ယုံကြည်နေခဲ့မိပါပြီ ချစ်သူအကိုရယ်…..။
“အလွမ်း”ဆိုတာ စကားလေးနှစ်ခွန်းတည်းဆိုပေမယ့် တကယ်တမ်းလွမ်းရတဲ့အခါမှာတော့ စကားလုံးတွေ အများကြီး ပြောပြရုံနဲ့ လုံလောက်မယ်မထင်ပါဘူးနော်…ပြောမပြတတ်လောက်အောင်ကို လွမ်းနေရတယ် နော်… ချစ်သူအကိုလွမ်းနေတာကို ညီမလေး သိနေသလို…..ချစ်သူညီမလေး လွမ်းနေတာကိုလည်း အကို သိပါစေနော်….။
ဒါတွေအားလုံးကို ချစ်သူအကိုလည်း သိနိုင်တယ်မဟုတ်လား….အလွမ်းကြီးလွမ်း၊ အချစ်ကြီးချစ်ခဲ့ပြီးမှ ဝေးကြရမယ်ဆိုရင်..ဒီလောကကြီးက တရားပါ့မလားဟင်…အချစ်ဆိုတာ ခံစားမှုဆိုပေမယ့်…အဲ့ဒီခံစားမှု ဆိုတာကြီးကလည်း အချစ်ကတဆင့် ဖြစ်ပေါ်လာတတ်တာမဟုတ်လား….အဲ့ဒီခံစားမှုဆိုတာကြီးက တခြားဘယ်သူနဲ့မှ မတူအောင် ခံစားနေရတာကို ချစ်သူညီမလေးမခံစားနိုင်တော့ပါဘူး….။
ဒီနွေတန်ခူးရဲ့ သင်္ကြန်မှာ ညီမလေးကိုယ်တိုင် ပန်းကုံးလေးဆွဲပေးချင်မိတယ်….နှစ်ဦးမှာ ဦးဦးဖျားဖျားဆိုသလို အတာရေအေးအေးလေး လောင်းခဲ့ချင်တယ်…စင်မြင့်ပေါ်မှာတေးဆိုနေတဲ့ ချစ်သူအကိုကိုကြည့်ပြီး လက်ခုပ်သံတွေနဲ့အတူ ကြိုနေချင်ပေမယ့် အခြေအနေမပေးဘဲ ဝေးကွာနေကြရတဲ့ အချိန်တွေ…အလွမ်းတွေအတွက် နှမြောနေမိပါတယ်…ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပေမယ့် စည်းခြား ထားသလို ကမ်းကိုလှမ်းမြင်ပါရက်နဲ့ ခုန်ကူးခွင့်မပေးတဲ့ ကံကြမ္မာကြီးကိုတော့ ချစ်သူညီမလေး မုန်းပစ်လိုက် ချင်ပါတယ်…ဒီနွေတန်ခူးမှာ ညီမလေးချစ်တဲ့ ချစ်သူအကို ပျော်ရွှင်ပါစေနော်….။
ချစ်သူအကိုရေ…မနက်ဖြန်ဆို ပိတောက်တွေပွင့်ပြီပေါ့…ခုတော့လည်း သင်္ကြန်ဆိုတဲ့ နွေတန်ခူးက ပိတောက်တွေရဲ့ အလှနဲ့အတူ အလွန်တရာမှ ပြီးပြည့်စုံနေခဲ့ပါပြီ….
အဲ့ဒီလိုပဲ ချစ်သူအကိုနဲ့ ညီမလေးတို့နှစ်ဦးလည်း…ဒီသင်္ကြန်မှာ ပြီးပြည့်စုံခဲ့ပြီလို့ ခံစားလိုက်ပါတော့နော်..
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နှစ်ယောက်အတူ တမိုးအောက်မှာ ကျန်းကျန်းမာမာနဲ့ အသက်ရှင်သန်ခွင့်ရနေခြင်းကသာ ညီမလေးတို့နှစ်ဦးအတွက် ကံကောင်းခြင်းလက်ဆောင်တွေပဲပေါ့….. အဲ့ဒီလက်ဆောင်လေးတွေကို ညီမလေးတို့နှစ်ဦး တန်ဘိုးရှိစွာနဲ့ ထွေးပွေ့ထားနေကြမယ်နော်….
“ချစ်သောသူအကိုအတွက် ဒီနွေတန်ခူး”မှာ တောင်းဆုလေးတွေပြုပေးပါရစေနော်”
မင်္ဂလာရှိတဲ့နှစ်သစ်သင်္ကြန်ကစလို့ အတွေးသစ် အမြင်သစ် စိတ်ကူးသစ်လေးတွေနဲ့အတူ ပစ္စုပ္ပန်မှာ မေတ္တာတွေအပြည့်နဲ့ နေထိုင်သွားကြမယ်နော်…။
ဒီနွေတန်ခူးမှာ ကောင်းမှုကုသိုလ်တွေနဲ့အတူ နောင်သံသရာမှာလည်း အပြုံးမပျက် မေတ္တာတွေထပ် သစ္စာတွေမပျက်တဲ့ချစ်ခြင်းတရားတွေနဲ့ လက်တွဲမဖြုတ်စတမ်းချစ်သွားကြမယ်နော်….။
နှုတ်ဆက်ခဲ့ပါရစေတော့နော်…..
နှုတ်မဆက်ချင်ပေမယ့် လက်ပြ
တမ်းတလို့ နွမ်းလျတဲ့ ပန်းကလေးက
ပွင့်ချိန်တန်လာ ဒီနွေတန်ခူးမှာ
လန်းဆန်းစွာ ပွင့်ဖူး
တင့်ထူးတဲ့ အလှတွေနဲ့
ဒီနွေတန်ခူးကို ကြိုနေလိုက်ပါပြီ…….။


“အားလုံးကိုခင်မင်လေးစားလျှက်”
နေခြည်သစ်နွယ်(ပြည်)

ကိုယ်တိုင်ခံစားရေးဖွဲ့သည်

No comments: